ရန်ဝင်း
မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည် From Wikipedia, the free encyclopedia
Remove ads
ဦးရန်ဝင်း(၁၉၅၁ ဖွား) သည် မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။[၂] သူသည် A1ဆောက်လုပ်ရေးကုမ္ပဏီ[၃] ကို ထူထောင်ထားသူဖြစ်သည့်အပြင် နိုင်ငံရေးသမားတစ်ဦး လည်းဖြစ်ခဲ့သည်။
Remove ads
ငယ်ဘဝ
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တွင် မွေးဖွားသည်။ရန်ကုန်စက်မှုတက္ကသိုလ် မှ အင်ဂျင်နီယာဘွဲ့ အား ၁၉၇၃ ခုနှစ်တွင် ရရှိသည်။[၄]
စီးပွားရေးလုပ်ငန်းများ
ဆောက်လုပ်ရေးဝန်ကြီးဌာန တွင် အင်ဂျင်နီယာအဖြစ် နှစ် ၂၀ တာဝန်ထမ်းဆောင်ပြီး ဝန်ထမ်းဘဝအား အဆုံးသတ်ကာ ၁၉၉၀ ခုနှစ် တွင် A1ဆောက်လုပ်ရေးကုမ္ပဏီ အား ထူထောင်သည်။ သူ၏ ကုမ္ပဏီသည် နေပြည်တော် တည်ဆောက်ရေးအား တာဝန်ယူရသည့် ကုမ္ပဏီထဲပါသည်။[၅] သူသည် ယခင်တပ်မတော်အစိုးရအဖွဲ့ မှ ဝန်ကြီးဦးအောင်သောင်း နှင့် အထူးနီးကပ်သည့် ဆက်ဆံရေးရှိသည်။ယင်းနောက် သတ္တုတူးဖော်ရေး၊ ဟိုတယ်နှင့် အပန်းဖြေစခန်းများ[၆]၊ ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှုနယ်ပယ်များအား တိုးချဲ့ဆောင်ရွက်သည်။[၇] သူသည် ရန်ကုန်မြို့ပါတ်ရထားလမ်း လမ်းပိုင်ပြင်ဆင်မှု[၈] [၉] အပါအဝင် အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတားတည်ဆောက်ရေး[၁၀] စသည့် လုပ်ပိုင်ခွင့်များရရှိသည်။၎င်းဆောင်ရွက်သည့် ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်း ကမ်းခြေဒေသရှိ အမေရိကန် ဒေါ်လာ ၁ ဘီလီယံတန် ကျောက်မီးသွေး စွမ်းအင်သုံးစီမံကိန်း[၁၁] နှင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ကြီမ်ချောင်းကျေးရွာ ရှိ ခဲမဖြူနှင့်အဖြိုက်နက် အလတ်စား တူးဖော်ခြင်းလုပ်ငန်း တို့သည် ဒေသခံတို့၏ ကန့်ကွက်ခြင်းကိုခံရသည်။ [၁၂] သူသည် မြန်မာ့ခရီးသွားဘဏ် အား ၂၀၁၈ ခုနှစ် တွင် တည်ထောင်သည်။[၁၃] ၂၀၁၁ခုနှစ် မေလ ၅ရက်နေ့တွင် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် က သူ့ကို အဖွဲ့ချုပ် ဥက္ကဋ္ဌ [၁၄]အဖြစ် တင်မြှောက်ထားသည်။ [၁၅]
Remove ads
နိုင်ငံရေးသမားဘဝ
၂၀၁၀ အထွေထွေရွေးကောက်ပွဲ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ မအူပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံရာမှတဆင့် တိုင်းလွှတ်တော်အမတ် ဖြစ်လာသည်။[၁၆] ထိုတာဝန် ကို ၂၀၁၆ခုနှစ် အထိ တာဝန်ထမ်းသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင်လည်း ဧရာဝတီတိုင်းဒေသကြီး အမှတ်(၈) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် မိခင်ပါတီမှနေ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။[၁၇] ထိုနောက်ပိုင်း သူသည် မအူပင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နာယက အဖြစ် တာဝန်ယူသည်။[၁၈]
မိသားစုဘဝ
သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads