ရိုးမဘဏ်

မြန်မာနိုင်ငံ ပုဂ္ဂလိက စီးပွားရေးဘဏ် From Wikipedia, the free encyclopedia

ရိုးမဘဏ်
Remove ads

ရိုးမဘဏ်လီမိတက်သည် မြန်မာနိုင်ငံ၏ စီးပွားရေးဘဏ်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ 

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
Remove ads

သမိုင်း

ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ် မေလတွင် ဆရ်ပန်၏ အက်ဖ်အမ်အိုင် ရင်းနှင်းမြုပ်နှံမှု ကုမ္ပဏီမှ စတင်တည်ထောင်ခဲ့သည်။[] ၁၉၉၃ ခုနှစ် ဩဂုတ်လတွင် ပထမဆုံး ဘဏ်ခွဲကို စတင်ဖွင့်လှစ်ခဲ့သည်။[]  ၁၉၉၆ ခုနှစ်မှ စတင်၍ ဘဏ်ခွဲကွန်ရက်ကို တိုးချဲ့လာခဲ့ရာ မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်တစ်ခု ဖြစ်လာခဲ့သည်။[] ၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ပထမဆုံး ကွန်ပျူတာဘဏ်စနစ်သုံးသော ဘဏ်တစ်ခု ဖြစ်လာခဲ့ပြီး ဘဏ်ခွဲများကို ဂြိုဟ်တုမှတဆင့် ကြိုးမဲ့ချိတ်ဆက်ခဲ့သည်။[] ၂၀၁၁ ခုနှစ်တွင် မြို့ပေါင်း ၂၄ မြို့တွင် ဘဏ်ခွဲ ၄၁ ခုဖြင့် လည်ပတ်လျက်ရှိသည်။[] ၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ ဘဏ်ခွဲပေါင်း ၆၇ ခု ဖွင့်လှစ်ထားရှိပြီး ဖြစ်သည်။

Remove ads

ဘဏ် ကပ်ဆိုက်မှု

၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ ဘဏ်များ အခက်အခဲများနှင့် ကြုံတွေ့ကာ ကပ်ဆိုက်မှု ဖြစ်ပွားခဲ့သည်။ ထို့နောက် ရိုးမဘဏ်၏ လိုင်စင်မှာ ကန့်သတ်မှုများရှိလာခဲ့သည်။[] ငွေထုတ်ချေးမှုများနှင့် ငွေလက်အပ်ခံမှုများကို ရပ်ဆိုင်းခဲ့သည်။ ရိုးမဘဏ်သည် ငွေလွဲမှု ဝန်ဆောင်မှုပေါ်တွင်သာ အဓိကထား ဝန်ဆောင်မှု ပေးခဲ့သည်။[]

ပြန်လည် လည်ပတ်ခြင်း

Thumb
ရိုးမဘဏ်၊ ရန်ကုန်

၂၀၁၂ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရိုးမဘဏ်ပေါ် ကန့်သတ်ထားသည်များကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဘဏ်လုပ်ငန်းများကို ပြန်လည်လည်ပတ်စေခဲ့သည်။[] ရိုးမဘဏ်၏ ဥက္ကဋ္ဌ မစ္စတာပန် က ဘဏ်၏ အနာဂတ်နှင့် ပတ်သတ်၍ "နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ပြည်တွင်းဘဏ် အဖြစ်ရပ်တည်ရန်" ဟု ပြောဆိုခဲ့သည်။[] ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် နိုင်ငံခြားမှ ပညာရှင်များကို ငှားရမ်း အလုပ်ခန့်ထားခဲ့ ပြီး အသေးစားနှင့် အလတ်စား လုပ်ငန်းများကို အာရုံစိုက်ခဲ့သည်။[][၁၀] အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းက ၂၀၁၄ မေလတွင် ရိုးမဘဏ်၏ အသေးစား အလတ်စား လုပ်ငန်းများအား ငွေကြေးထုတ်ချေးရန် အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော် နှစ်ရှည်ချေးမည့် အစီအစဉ်ကို ကြော်ငြာခဲ့သည်။[၁၁]

၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ရိုးမဘဏ်သည် ဘဏ်ခွဲ ၅၁ ခုတွင် ဝန်ထမ်းပေါင်း ၂၂၀၀ ကျော်ကို ခန့်ထားပြီးဖြစ်သည်။[] ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်း နှင့် လက်မှတ်ထိုးအပြီး ပထမဦးဆုံး ချေးငွေ အမေရိကန်ဒေါ်လာ ၅ သန်း လက်ခံရရှိခဲ့သည်။ ထို့နောက် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းနှင့်ပင် ရိုးမဘဏ်၏ အဓိက ဘဏ်လုပ်ငန်းစနစ် (ကွန်ပျူတာစနစ်) ကို ဖော်ဆောင်ရန် ကူညီပေးမည်ဟု သဘောတူညီခဲ့ကြသည်။[၁၂]

၂၀၁၄ ခုနှစ် နိုဝင်ဘလတွင် ရိုးမဘဏ်နှင့် ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သည့် တယ်လီနော မြန်မာ နှင့် ပူးပေါင်းကာ မိုဘိုင်းဘဏ်ဝန်ဆောင်မှု ပေးအပ်မည်ဟု ကြော်ငြာခဲ့သည်။[၁၃] ပူးပေါင်းဆောင်ရွက်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဘဏ်သို့ လာရောက်ရန် မလိုပဲ ငွေကြေးဝန်ဆောင်မှုများ ပေးရန်ဖြစ်သည်။[၁၄]

၂၀၁၅ မတ်လတွင် ကွန်ပျူတာ ဘဏ်လုပ်ငန်းစနစ်ကြီးကို ပြောင်းလဲရန် အတွက် "FusionBanking Essence" ဆော့ဝဲလ်ကိုအသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။[၁၅]

အသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် အောင်မြင်မှုတွေ ရရှိလာသည့်အတွက် ဂျာမဏီနိုင်ငံ တိုးတက်ထောက်ပံ့ရေး အေဂျင်စီ ဟာ မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ထောက်ပံ့မှုများ ပေးနိုင်ရန် ရိုးမဘဏ်ကို တွဲဖက် လုပ်ငန်းဖော်အဖြစ် ရွေးချယ်ခဲ့သည်။

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads