ရေခဲဂြိုဟ်ဘီလူး
ဟိုက်ဒရိုဂျင်နှင့်ဟီလီယမ်ထက် လေးလံသောဒြပ်စင်များဖြင့်ဖွဲ့စည်းထားသော ဂြိုဟ်ဘီလူး From Wikipedia, the free encyclopedia
Remove ads
ရေခဲဂြိုဟ်ဘီလူး (Ice giant) သည် ကြီးမားသောဂြိုဟ်တခုဖြစ်ပြီး အဓိကအားဖြင့် လေးလံသောဒြပ်စင်များထက် ဟိုက်ဒရိုဂျင်၊ ဟီလီယမ်၊ အောက်ဆီဂျင်၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ ဆာလဖာများနှင့် ဖွဲ့စည်းတည်ဆောက်ထားကြသည်။ နေအဖွဲ့အစည်းတွင် ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့သည် ရေခဲဂြိုဟ်ဘီလူးဂြိုဟ်များဖြစ်ကြသည်။
၁၉၈၆ ခုနှစ် ဇန်နဝါရီလတွင် ဗွိုင်ယေဂျာ ၂ မှ ရိုက်ကူးထားသော ယူရေးနပ်စ်ဂြိုဟ်
၁၉၈၉ ခုနှစ် ဩဂုတ်လတွင် ဗွိုင်ယေဂျာ ၂ မှ ရိုက်ကူးထားသော နက်ပကျွန်းဂြိုဟ်
နက္ခတ္တရူပဗေဒနှင့် ဂြိုဟ်ဆိုင်ရာသိပ္ပံပညာရပ်တွင် ရေခဲကို ရေခဲမှတ်အပူချိန် ၁၀၀ ကယ်လ်ဗင်အထက်ရှိသော ဓာတုဒြပ်ပေါင်းများကို ရည်ညွှန်းသည်။ ဥပမာ ရေ (273 K 0°C)၊ အမိုးနီးယား 195 K (-78°C)၊ မီသိန်း 91 K (-182°C) စသည်တို့ဖြစ်ကြသည်။ ၁၉၉၀ ခုနှစ်များတွင် ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်အား ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ် အဓိကပါဝင်ပြီး ဓာတ်ငွေ့ဂြိုဟ်ဘီလူးများဖြစ်ကြသည့် ဂျူပီတာဂြိုဟ်နှင့် စနေဂြိုဟ်တို့နှင့်[၁] မတူကွဲပြားသည့် ဂြိုဟ်ဘီလူးများအဖြစ် ဆုံးဖြတ်ခဲ့သည်။ ယင်းတို့အား ရေခဲဂြိုဟ်ဘီလူးများအဖြစ် သိလာခဲ့သည်။ ယင်းဂြိုဟ်တို့ စတင်ဖွဲ့တည်ခဲ့စဉ်က အစိုင်အခဲများဖြစ်ကြသည်။ ယနေ့အချိန်အခါတွင် ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့၌ အင်မတန်နည်းပါးသောရေအား ရေခဲအသွင်ဖြင့် တွေ့ရှိရသည်။ ရေသည် အပူချိန်နှင့်ဖိအားအောက်တွင် supercritical fluid အနေဖြင့် အဓိက တည်ရှိကြသည်။ ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တွင် ဟိုက်ဒရိုဂျင်သည် ဒြပ်ထုအားဖြင့် ၂၀ ရာခိုင်နှုန်းခန့်မျှသာ ပါဝင်သည်။ နှိုင်းယှဉ်ရသော် ဂျူပီတာဂြိုဟ်နှင့် စနေဂြိုဟ်တို့တွင် ဟိုက်ဒရိုဂျင်သည် ဒြပ်ထုအားဖြင့် ၉၀ ရာခိုင်နှုန်းအထက် ပါဝင်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads