ရေစကြိုမြို့

From Wikipedia, the free encyclopedia

Remove ads

ရေစကြိုမြို့ သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ရေစကြိုမြို့နယ်၏ရုံးစိုက်မြို့ဖြစ်၍ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ရေစကြိုမြို့နယ်၏ အကျယ်အဝန်းမှာ ၃၈၄ စတုရန်းမိုင်ရှိ၍ သူကြီးပိုင် နယ်ပေါင်း ၉၈ ခု ပါဝင်လေသည်။ ရေစကြိုမြို့သည် ပခုက္ကူမြို့၏ အထက် ၂၆ မိုင်အကွာတွင်ရှိ၍ ပခုက္ကူမြို့နှင့် မော်တော်ကား လမ်းဖြင့်လည်း ဆက်သွယ်ထားသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းအားဖြင့်လည်း လှေသင်္ဘောတို့ ကူးသန်းသွားလာနိုင်သည်။ ကူးသန်းရောင်းဝယ်မှု အတန်ဖြစ်ထွန်း၍ ရေစကြိုထန်းလျက်နှင့် ထန်းသီးမုန့်မှာ ထင်ရှားသော ထွက်ကုန်ဖြစ်သည်။ မြို့ပိုင်ရုံးစိုက်မြို့ ဖြစ်၍ မြို့ပေါ်တွင် အစိုးရရုံးများ၊ အစိုးရတန်းမြင့်ကျောင်းနှင့် မူလတန်းကျောင်းများ ရှိသည်။[]

အချက်တိုများ ရေစကြိုမြို့, နိုင်ငံ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads