ရေဆင်နှာမောင်း
From Wikipedia, the free encyclopedia
Remove ads
ပင်လယ်ရေပြင်ပေါ်၌ ဖြစ်စေ၊ အင်းအိုင်ရေပြင်ပေါ်၌ ဖြစ်စေ လေဆင်နှာမောင်း ဖြစ်ပေါ်သည့်အခါ ရေပြင်ပေါ်မှ တိမ်တိုက်ထိအောင် အထက်သို့ ထိုးတက်နေသော နှာမောင်း သဏ္ဌာန် ရေလုံးကို ရေဆင်နှာမောင်းဟု ခေါ်သည်။ ရေဆင် နှာမောင်းသည် အထက်သို့ ပြင်းထန်စွာတက်သော လေစီး ကြောင်းကြောင့် ဖြစ်လေသည်။ လျင်မြန်စွာ လေပွေမွှေ့၍ တက်ရာ၌ ရေဆင်နှာမောင်းအတွင်းတွင် လေဖိအားနည်းရာ အရပ် ဖြစ်ပေါ်လာသည်။ ရေဆင်နှာမောင်းထဲရှိ ရေသည် ရေငန်မဟုတ်၊ ရေချိုဖြစ်သည့်အချက်ကို ထောက်၍ နှာမောင်း သဏ္ဌာန် ရေလုံးသည် လေထဲရှိ အငွေ့ရည်ဖွဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရေပြင်ပေါ်၌ သွားလာကြသောလှေ၊ သင်္ဘောတို့သည် လေပွေမွှေ့သောအရှိန်ကြောင့် တိမ်းမှောက်နစ်မြုပ်နိုင်၏။ ရေ ဆင်နှာမောင်းသည် အပူပိုင်းဒေသ ရေပြင်တွင် ဖြစ်ပေါ်လေ့ ရှိသည်။ တစ်ခါတစ်ရံ ရေဆင်နှာမောင်းသည် အမြင့်ပေ ၁၅ဝဝ အထိ တက်၍ ၁ဝ မိနစ်မှ မိနစ် ၃ဝ အထိ အချိန် ကြာမြင့်လေသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
