အရည်ဆူမှတ်
အရည်မှ အငွေ့သို့ ကူးပြောင်းသည့် အပူချိန် From Wikipedia, the free encyclopedia
Remove ads
အရည်ဆူမှတ် ဆိုသည်မှာ အရည်၏ ငွေ့ရည်ဖိအားသည် အရည်ပတ်ဝန်းကျင်နားတွင်ရှိသော ဖိအားနှင့်တူညီသည့် အပူချိန်ဖြစ်သည်။[၁][၂] ပြီးလျင် အရည်သည် ငွေ့ရည်အဖြစ် ပြောင်းလဲသွားသည်။

အရည်ဆူမှတ်သည် ပတ်ဝန်းကျင်အနီးမှ ဖိအားပေါ်မူတည်ကာ ပြောင်းလဲသည်။ တစ်ပိုင်းလေဟာနယ်ထဲရှိ အရည်၏ ဆူမှတ်သည် လေထုဖိအားအောက်ရှိ အရည်ဆူမှတ်ထက် ပိုနည်းသည်။ ပိုများသော ဖိအားအောက်ရှိ အရည်သည် လေထုဖိအားအောက်ရှိ အရည်ဆူမှတ်ထက် ပိုများသည်။ ဖိအားတစ်ခုအောက်တွင် မတူညီသော အရည်သည် မတူညီသည့် အရည်ဆူမှတ် အသီးသီး ရှိကြသည်။ ဥပမာအားဖြင့် ရေသည် ပင်လယ်ရေမျက်နှာပြင်အမှတ် ၁၀၀ ဒီဂရီ စင်တီဂရိတ် (၂၁၂ ဒီဂရီ ဖာရင်ဟိုက်) တွင် အရည်ဆူပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ တွင်ဆိုပါက အရည်ဆူမှတ်မှာ ၉၃.၄ ဒီဂရီ စင်တီဂရိတ် (၂၀၀.၁ ဒီဂရီ ဖာရင်ဟိုက်) ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
