ရေဒီယိုလှိုင်း

From Wikipedia, the free encyclopedia

ရေဒီယိုလှိုင်း
Remove ads

ရေဒီယိုလှိုင်းများသည် လှိုင်းအလျား အနီအောက် ရောင်ခြည်ထက် ရှည်လျားသည့် လျှပ်စစ်သံလိုက်လှိုင်းများ ဖြစ်သည်။ အခြား လျှပ်စစ်သံလိုက်လှိုင်းများနည်းတူ ရေဒီယိုလှိုင်းများသည် အလင်းသွားနှုန်းအတိုင်း ရွေ့လျားကြသည်။ သဘာဝအလျောက် တွေ့ရသည့် ရေဒီယိုလှိုင်းများမှာ လျှပ်စီးလက်ခြင်း သို့မဟုတ် အာကာသအတွင်းရှိ ဝတ္ထုပစ္စည်းများမှ ထွက်ပေါ်သည်။

Thumb
မြေပေါ်တွင် ထူမတ်ထားသည့် ဧရီယာတိုင်အနီးရှိ ရေဒီယိုလှိုင်းများ၏ လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းများ။

လူသားများ ဖန်တီးထုတ်လွှင့်သည့် ရေဒီယိုလှိုင်းများကို ဆက်သွယ်ရေး၊ အသံလွှင့်ခြင်း၊ ရေဒါနှင့် အခြား လမ်းပြစနစ်များ၊ ဂြိုဟ်တု ဆက်သွယ်ရေး၊ ကွန်ပျူတာ ကွန်ယက်နှင့် အခြားနယ်ပယ်များတွင် အသုံးချသည်။ ကမ္ဘာ့လေထုအတွင်း၌ လှိုင်းနှုန်းမတူသည့် ရေဒီယိုလှိုင်းများတွင် ဖြန့်နိုင်စွမ်း ကွဲပြားသည်။ လှိုင်းရှည်များမှာ ဒေသတစ်ခုအတွင်းတွင် ဖြန့်ကျက်နိုင်ပြီး လှိုင်းတိုများမှာ ကမ္ဘာတဝန်း ရွေ့လျားနိုင်သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads