ရေနံ့သာစား ငရွှေကျိုင်း
From Wikipedia, the free encyclopedia
Remove ads
သက္ကရာဇ် ၈၉၃ တွင် ရွှေနန်းကြော့ရှင် ဘုရင်နရပတိသည် အင်းဝနန်းကို တက်၏။ တစ်နေ့သော် ဘုရင် အမှတ်တမဲ့နေခိုက် နောင်တော့်သား ရွှေနော်ရထာ၏ ကျွန်ငသောကြာ သည် ဓားနှင့် လုပ်ကြံလေသည်တွင် ထီးဖြူကို ခုတ်မိ၍ ကိုယ်တော်ကို အုပ်ထားသကဲ့သို့ ရှိလေ၏။
ထိုအခါ ဘုရင်နရပတိ၏ ကျွန် ရေနံ့သာစား ငရွှေကျိုင်း သည် မြင်လျှင်ပြေးလာ၍ ငသောကြာ ကို ဖက်လေ၏။ နှစ်ယောက်သား လုံးထွေး၍ လဲလေ၏။ ငရွှေကျိုင်း ကလည်း " ငသောကြာလွတ်လျှင် အရေးတော် ပျက်တော့မည် ၊ ရွေးနေတော် မမူနှင့်တော့ ၊ ကျွန်တော်နှင့် တကွပင် ရော၍ ကွပ်တော်မူလော့ " ဟု မိမိ၏ အသက်ကို ပဓာနမပြုဘဲ လျှောက်လေ၏။ ဘုရင်သည်ကား မိမိ၏ကျွန် လွတ်အောင် ငသောကြာ ကိုသာ ရွေး၍ လက်သုံးတော်ဓားနှင့် ကွပ်လေသတည်း။
" ရွှေနန်းကြော့ထံ ၊ အသေခံ ၊ ရေနံ့သာစားပွဲ "(ကဝိလက္ခဏာသတ်ပုံ)[၁]
Remove ads
ကိုးကား-
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads