ရေဝေကြော
From Wikipedia, the free encyclopedia
Remove ads
ရေဝေကြော သို့မဟုတ် ရေဝေကုန်းတန်း ဆိုသည်မှာ မိုးရွာကျခြင်းမှ လည်းကောင်း ၊ နှင်းနှင့် ရေခဲတို့ အရည်ပျော်ကျရာမှ လည်းကောင်း ရရှိသော ရေများ မြေအနိမ့်ပိုင်း ဒေသရှိ အမှတ်တစ်ခုသို့ ပေါင်းဆုံ စီးဆင်းပြီး ထိုနေရာမှာ ရေဝေကြော၏ ထွက်ပေါက်နေရာပင် ဖြစ်ပြီး ပုံမှန်အားဖြင့် မြစ်၊ ကန်၊ ရေလှောင်ကန်၊ မြစ်ဝ၊စိမ့်မြေ၊ ပင်လယ် သို့မဟုတ် သမုဒ္ဒရာ စသော ရေထုများ ဖြစ်သည်။ ချောင်းလက်တက်မှ ချောင်းငယ်သို့ ပေါင်းဆုံပြီး ချောင်းငယ်မှ တစ်ဖန် မြစ်ကြီး၏ လက်တက် တစ်ခုဖြစ်သော မြစ်ငယ်တစ်ခု အတွင်းသို့ စီးဝင်ခြင်း ကဲ့သို့သော အခြေအနေမျိုးတွင် ပိုမိုကြီးမားပြီး (ပိုမိုနိမ့်သော) ရေဝေကြောများ ဆက်တိုက် ရှိနေတတ်သည်။ ဥပမာအားဖြင့် မစ်ဆူရီမြစ် နှင့် အိုဟိုင်းယိုးမြစ်တို့သည့် ၎င်းတို့၏ ရေဝေကြော အတွင်း ရှိနေသကဲ့သို့ မစ္စစ္စပီမြစ်၏ ရေဝေကြော အတွင်းတွင်လည်း တည်ရှိနေကြသည်။



Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
