ရောက်တာ
From Wikipedia, the free encyclopedia
Remove ads
ရောက်တာ (အင်္ဂလိပ်: router) ဆိုသည် နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ကွန်ပျူတာ ကွန်ယက်များကို ချိတ်ဆက်ပေးပြီး ထိုကွန်ယက်တို့ ကြားတွင် ဒေတာ ပက်ကက်များကို လက်ဆင့်ကမ်း ဖလှယ်ပေးသော ကိရိယာ တစ်မျိုးပင် ဖြစ်သည်။ ဒေတာ ပက်ကက်တိုင်းတွင် အိုင်ပီလိပ်စာ နှင့် သက်ဆိုင်သည့် အချက်အလက်များ ပါဝင်ပြီး ရောက်တာအနေနှင့် ပေးပို့ရမည့် အိုင်ပီလိပ်စာ သည် ပေးပို့သူ၏ အိုင်ပီ လိပ်စာနှင့် တူညီသော ကွန်ယက်တစ်ခုတည်းမှာ ပင် ရှိသဖြင့် အခြား ကွန်ယက်သို့ ဆက်လက် ပို့ဆောင်ရန် မလို သို့မဟုတ် ပေးပို့ရမည့် အိုင်ပီလိပ်စာသည် ပေးပို့သည့် အိုင်ပီလိပ်စာနှင့် ကွဲပြားခြားနားသော အခြားကွန်ယက်တစ်ခုတွင် ရှိနေသဖြင့် အခြားကွန်ယက်သို့ ဆက်လက်ပို့ဆောင်ပေးရမည် စသည်တို့ကို ဆုံးဖြတ်ချက်ချပေးနိုင်သည်။ ရောက်တာအများအပြားကို ဆက်စပ်ချိတ်ဆက်ထားသော ကွန်ယက် အစုအစည်းတစ်ခုတွင် အသုံးပြုမည် ဆိုပါက ရောက်တာများ အနေနှင့် ပေးပို့လိုသော အိုင်ပီ လိပ်စာနှင့် ပတ်သက်သော အချက်အလက်များကို အချင်းချင်း ဖလှယ်နိုင်ပြီး ရောက်တာတိုင်း အနေဖြင့် ပေးပို့ရမည့် လိပ်စာသို့ ပို့ဆောင်ရာတွင် အသင့်လျော်ဆုံး လမ်းကြောင်းများကို ရွေးချယ်နိုင်သော ဇယားများကို တည်ဆောက်ထားနိုင်မည် ဖြစ်သည်။



Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads