ရောမကိန်းဂဏန်းများ

ရောမကိန်းဂဏန်းစနစ်မှ ဂဏန်းများ From Wikipedia, the free encyclopedia

ရောမကိန်းဂဏန်းများ
Remove ads

ရောမကိန်းဂဏန်းများ (အင်္ဂလိပ်: Roman numerals) သည် ရှေးခေတ်ရောမ မှဆင်းသက်လာသော ဂဏန်းစနစ် ဖြစ်ပြီး ဥရောပတစ်ခွင်တွင် အလယ်ခေတ်အလယ်ပိုင်းအထိ ဂဏန်းများကို အသုံးပြုရေးသားခဲ့သည်။ ဤစနစ်ရှိနံပါတ်များကို လက်တင်အက္ခရာမှ အက္ခရာများ ပေါင်းစပ်ခြင်းဖြင့်ကိုယ်စားပြုသည်။ ခေတ်သစ်အသုံးပြုမှုတွင် သင်္ကေတ ခုနစ်ခုရှိပြီး ပုံသေတန်ဖိုးတစ်ခုစီကို ကိုယ်စားပြုသည်။[]

နောက်ထပ် အချက်အလက်များ သင်္ကေတ, တန်ဖိုး ...
Thumb
သင်္ဘော၏ ပဲ့အပေါ်တွင် မှတ်သားထားသော ရောမကိန်းဂဏန်းများ။ နံပါတ်များသည် ၁၃ မှ ၂၂ အထိဖြစ်ပြီး အောက်မှ အပေါ်သို့ဖြစ်သည်။

ရောမအင်ပါယာ ကျဆုံးသွားပြီးနောက် ရောမကိန်းဂဏန်းများကို ဆက်လက်အသုံးပြုလာခဲ့သည်။ ၁၄ ရာစုမှ စတင်ပြီး ရောမနံပါတ်များကို ပိုမိုအဆင်ပြေသော အာရပ်ကိန်းဂဏန်းများ ဖြင့် အစားထိုးလာသည်။ သို့သော်လည်း ယနေ့အချိန်ထိ အချို့သော နေရာများတွင် ရောမဂဏန်းများကို အသုံးပြုမှု တည်ရှိနေဆဲ ဖြစ်သည်။

မကြာခဏ တွေ့မြင်နိုင်သော နေရာတစ်ခုမှာ နာရီများပေါ်တွင် ဖြစ်သည်။ ဥပမာအားဖြင့် (၁၈၅၂ ခုနှစ်တွင် ဒီဇိုင်းရေးဆွဲခဲ့သော) Big Ben နာရီတွင် ၁ မှ ၁၂ ကို အောက်ပါအတိုင်းရေးသားထားသည်။

I, II, III, IV, V, VI, VII, VIII, IX, X, XI, XII

ရောမကိန်းဂဏန်းနာရီများတွင် "4" ကို " IIII " အဖြစ် ရေးသားခြင်းကို နှစ်သက်သည့်အစဉ်အလာရှိသော်လည်း IV နှင့် IX သင်္ကေတများကို "ငါး ထက် တစ်လျော့" (၄) နှင့် "တစ်ဆယ်ထက် တစ်လျော့" (၉) ဟူ၍ မှတ်သားသည်။[]

Remove ads

ကိုးကား

ရင်းမြစ်များ

ဆက်လက်ဖတ်ရှုရန်

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads