ရဲလေး
မြန်မာ အဆိုတော် From Wikipedia, the free encyclopedia
Remove ads
ရဲလေး (၁၉၈၄-) သည် မြန်မာလူမျိုး အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။
ငယ်ဘဝ
၁၉၈၄ ခု၊ ဇန်နဝါရီလ ၁၁ ရက်တွင် မွေးသည်။ အမည်ရင်း ရဲထွန်းမင်း ဖြစ်ပြီး မွေးချင်းညီအစ်ကို သုံးယောက်မှာ အလတ်ဖြစ်သည်။ သူသည် ဗိုလ်တထောင်(၆) မှ ၁၀-တန်းအောင်မြင်ခဲ့ပြီး ရုက္ခဗေဒဘာသာရပ်ဖြင့် ၂၀၀၄-ခုနှစ်တွင် ကျောင်းပြီးခဲ့သည်။
အနုပညာလှုပ်ရှားမှု
ရဲလေးသည် ညီဝမ်းကွဲဖြစ်သူ ဘိုလေးနှင့် တွဲဖက်၍ "Adaptor" အမည်ဖြင့် သီချင်းများ စတင်သီဆိုခဲ့သည်။ Adaptor ၏ ပထမဦးဆုံး စီးရီး ဘာလာရှုပ် ကို ၂၀၀၂ ခုနှစ်တွင် ထုတ်ခဲ့သည်။ ထို့နောက် အခြားသူများ၏ သီချင်းခွေများအတွက် Featuring ပါဝင်သီဆိုပေးခြင်းဖြင့် သူ့အား လူသိများ နာမည်ရလာခဲ့သည်။ သူ ပါဝင်သီဆိုခဲ့သော တေးအယ်လ်ဘမ်များမှာ ဘိုဘိုနှင့် လင်းပင်ဟိန်းတို့၏ တကယ့်အဖြစ်အပျက်၊ အဖွဲ့စုံ ပါဝင်သီဆိုသည့် ပေးဦးနော် ၊ ရူးအောင်ချစ်မိသူ အစရှိသော တေးစီးရီးများဖြစ်သည်။ သူသည် သရုပ်ဆောင်အဖြစ်လည်း ဗွီစီဒီများနှင့် ကြော်ငြာများတွင် ပါဝင်ခဲ့သည်။ သူ ဦးဆုံး သရုပ်ဆောင်သည့် ဗီစီဒီမှာ ဒါရိုက်တာဇော်ကိုကို ရိုက်ကူးသည့် "သက်တံ့တွေပေါ်မှာ" ဟူသည့် သီချင်းဖြစ်သည်။
၂၀၀၅ ခုနှစ်မှစ၍ သူ၏ အောင်မြင်မှုများ စတင်ခဲ့သည်။ သူ၏ အအောင်မြင်ဆုံးသီချင်းများမှာ သူကိုယ်တိုင်ရေးသည့် "ထိပ်ဆုံးမှာအမေ" ၊ Bambino နှင့် တွဲဖက်သီဆိုသည့် "ပြောမထွက်ခဲ့သူ" သီချင်းများ ဖြစ်သည်။ ပရိသတ်များ များပြားလာသည့်အချိန်မှာပင် ကျွန်တော်နှင့် သက်ဆိုင်သော ဟူသည့် သူ၏ ပထမဦးဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ကို ၂၀၀၅ အောက်တိုဘာလ (၈)ရက်နေ့တွင် ထွက်ရှိနိုင်ခဲ့လေသည်။
ရဲလေးသည် ဂီတ၊ ရုပ်ရှင် နယ်ပယ်နှစ်ခုလုံးတွင် အောင်မြင်မှုရအောင် ကြိုးစားခဲ့သည်။ သူ၏ ပထမဦးဆုံးရုပ်ရှင်ကား နေတစ်ခြမ်း လတစ်ခြမ်း ကို ၂၀၀၅ ခုနှစ်အတွင်းတွင် ရိုက်ကူးခဲ့သည်။ အကြည်တော်၏ ဝတ္ထု၊ ဒါရိုက်တာဇော်ကိုကို၏ လက်ရာဖြစ်ပြီး သူနှင့်အတူ စိုင်းစိုင်းခမ်းလှိုင်၊ ချစ်သုဝေ နှင့် ပြည့်ဖူးခိုင်တို့ တွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။
Remove ads
မိသားစု ဘဝ
၂၀၁၃ ခု၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကာလရှည်ချစ်သူ အေးမြနှင့် မဟာစည် သာသနာ့ရိပ်သာတွင် မင်္ဂလာဆွမ်း ကျွေးကာ လက်ထပ်သည်။ ၂၀၁၇ ခု အရောက်တွင် သဘောထားခြင်း မတိုက်ဆိုင်တော့ဘဲ ကွာရှင်းကြသည်။
တေးစီးရီးများ
"နောက်တစ်ခေါက် "
ရုပ်ရှင်ကားများ
- နေတစ်ခြမ်း လတစ်ခြမ်း
ကိုးကား
ပြင်ပ စာမျက်နှာများ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads