ရွဲ့ကြီး(ခေါ်)ကြယ်တံခွန်
ရွဲ From Wikipedia, the free encyclopedia
Remove ads
ရွဲ့ကြီး သည် မြန်မာနိုင်ငံသား စစ်ကြိုခေတ် သရုပ်ဆောင်၊ တေးရေးနှင့် ဂီတပညာရှင် ဖြစ်သည်။
ငယ်ဘဝနှင့်ပညာရေး
ရန်ကုန်၌မွေးကာ အထက်တန်းအထိ ပညာသင်သည်။ အေဝမ်း ဦးတင်မောင်၊ ဦးလှဘူး၊ ဦးမောင်မောင်စိုး၊ ဒဂုန် မြတ်လေးနွယ်တို့နှင့် ကျောင်းနေဖက်ဖြစ်သည်။
သက်မွေးဝမ်းကြောင်း
ကျောင်းမှထွက်ပြီးနောက် စတီးဘရားသား ဆန်လုပ်ငန်းတွင် အလုပ်ဝင်စဉ် လေဖြတ်သဖြင့် ပါးတခြမ်းရွဲ့သွားသည်။ ကျန်းမာရေးကြောင့် အလုပ်လည်း ထွက်ရသည်။
ထိုကာလ၌ သူငယ်ချင်းဖြစ်သူ အေဝမ်း ဦးတင်မောင်က သူရိုက်သောဇာတ်ကားများ၌ ဦးရွဲ့ကြီးအမည်ဖြင့် ပါဝင်စေကာ ငယ်သူငယ်ချင်းအား ထောက်ပံ့သည်။ အေဝမ်းမှရိုက်သော ဇာတ်ကားအများတွင် ပါရသည်။
တယောတီးတတ်သဖြင့် တီးဝိုင်းတွင် အေဝမ်း ဦးခင်မောင်၊ ပြည်လှဖေတို့နှင့်အတူ သီချင်းလည်း သွင်းသည်။
တေးရေးအဖြစ် အေဝမ်းသဘက် (A1 The Best) ဓာတ်ပြားတိုက်အတွက် စပ်သော သီချင်းများမှာ
- မေတ္တာလက်ဆောင် (မေမြင့်)
- ချစ်ဝဲလည် (အေဝမ်း ဦးတင်မောင်)
- ပျိုအိပ်ချိန် (ခင်နှင်းရီ)
- လေညှင်းခံ (ခင်နှင်းရီ) တို့ဖြစ်သည်။
Remove ads
ဘဝနိဂုံး
ချိန်တန်ပြီ ဇာတ်ကားတွင် နောက်ဆုံးသရုပ်ဆောင်ပြီး အသက် ၅၁ နှစ်တွင် ကွယ်လွန်သည်။[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads