ရွှေကျင်ဂိုဏ်း

From Wikipedia, the free encyclopedia

ရွှေကျင်ဂိုဏ်း
Remove ads

ရွှေကျင်ဂိုဏ်း (ရွှေကျင်နိကာယ) သည် မြန်မာနိုင်ငံရှိ ဒုတိယအကြီးဆုံး ဗုဒ္ဓဘာသာ ရဟန်းတော်များ အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရဟန်းတော်များ၏ ငါးရာခိုင်နှုန်းခန့် (၅၀၀၀၀ ကျော်) သည် ဤဂိုဏ်းဝင်များ ဖြစ်ကြသည်။[] ၁၉၉၀ ပြည့်နှစ် သံဃာအဖွဲ့အစည်းများ ဥပဒေအောက်တွင် တရားဝင် ဖွဲ့စည်းထားသော သံဃာဂိုဏ်း ကိုးခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။[]

အချက်တိုများ အတိုကောက်, ဖွဲ့စည်းခြင်း ...
Remove ads

သမိုင်းကြောင်း

မင်းတုန်းမင်းကြီးသည် ဝိနည်းသိက္ခာအလွန်လေးစား၍ အကျင့်ပဋိပတ်နှင့်ပြည့်စုံသော ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရကို အလွန်တရာကြည်ညို၍ သာသနာပိုင်အဖြစ် တင်မြှောက်လိုသော်လည်း တောင်နန်းမိဖုရားခေါင်စကြာဒေဝီ၏ဆန္ဒကိုမလွန်ဆန်နိုင်သဖြင့် မောင်းထောင်ဆရာတော် ကိုသာသနာပိုင်တင်မြှောက်ခဲ့ရသည်။ အခါတစ်ပါး ရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင်ဆရာတော်ထံသွားရောက်ရာ စကားမပြောဆိုပဲ နေခဲ့သဖြင့် ဆရာတော်မှ မိမိအားမလိုလားဟု သဘောပိုက်တော်မူခဲ့သည်။ ယင်းနောက် ၁၂၁၄ ခုနှစ်တွင် ရွှေကျင်ဆရာတော်ကို သုဓမ္မာဆရာတော်များအမိန့်ဖြင့် သုဓမ္မာသိုကြွရန်ဆင့်ဆိုရာမကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက အတင်းအကြပ် ခေါ်ဆိုရန် စီမံရာတွင် မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ ဆင့်ခေါ်ခွင့်မရှိ၊ ရွှေကျင်ဆရာတော် လွတ်လပ်စွာသီတင်းသုံးနိုင်သည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုအချိန်မှစ၍ ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရ၏ တပည့်သံဃာတော်အဆက်ဆက်တို့ကို ရွှေကျင်ဂိုဏ်းဝင်ဟုခေါ်ဆိုကြသည်။

Remove ads

သာသနာပိုင်များ

မင်းတုန်းဘုရင်လက်ထက်မှစ၍ ယနေ့ခေတ်အထိ ရွှေကျင်သာသနာပိုင်အဖြစ် ထမ်းဆောင်တော်မူကြသော ဆရာတော်များမှာ အောက်ပါအတိုင်းဖြစ်သည်။[]

နောက်ထပ် အချက်အလက်များ စဉ်, ဘွဲ့တော် ...
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads