ရွှေတောင်ကြားပါတီ
From Wikipedia, the free encyclopedia
Remove ads
Remove ads
ရွှေတောင်ကြားပါတီ (အင်္ဂလိပ်: Golden Valley Party၊ Independent Party (အင်ဒီပင်းဒင့်ပါတီ) သို့မဟုတ် Progressive Party (တိုးတက်ရေးပါတီ)) သည် အင်္ဂလိပ် ကိုလိုနီ ဝံသာနု လှုပ်ရှားမှု ခေတ်အတွင်း ပေါ်ပေါက် လာခဲ့သော ပါတီ ဖြစ်သော်လည်း အင်္ဂလိပ် အစိုးရ အလိုကျ အလိုတော်ရိ ပါတီအဖြစ် ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်အစိုးရမှ သူကောင်းပြုထားသော ဆာဘွဲ့ရ ပုဂ္ဂိုလ်များ ပါဝင်ကြသလို အင်္ဂလိပ် ကပြား၊ တရုတ်နှင့် အိန္ဒိယ ကုန်သည်ကြီး များ၊ အစိုးရအရာရှိ ဗျူရိုကရက်ဟောင်း ကြီးများ ပင်စင်စားကြီးများနှင့် ဝတ်လုံ၊ ရှေ့နေ စသည်တို့ ပါဝင်ကြသည်။ ခရိုင် မြို့နယ် ကျေးရွာများတွင် အသင်းခွဲ ထားရှိနိုင်ခြင်း မရှိဘဲ အင်္ဂလိပ် အစိုးရ အလိုကျ ရပ်တည်လှုပ်ရှားခဲ့သော ပါတီဖြစ်သည်။ ဆာ ဂျေအေ မောင်ကြီး က ဦးဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ကာ အမတ်လုပ်ခြင်း၊ နယ်ချဲ့ အစိုးရ ပေးသမျှ ရာထူးကြီးများကို လက်ခံရယူပြီး လွှတ်တော် အတွင်း အင်္ဂလိပ် အကြိုက် လုပ်ငန်းများ အကောင်အထည်ဖော် ပြောဆိုလှုပ်ရှားခြင်းတို့မျှသာ လုပ်ကိုင်ခဲ့သည်။ သို့သော် ပါတီ၏ နာမည်ကို မြန်မာပြည်လွတ်လပ်ရေးအဖွဲ့၊ အင်ဒီပင်းဒင့်ပါတီ ဟု အမည်တပ်မှည့်ခေါ်ခဲ့သည်။ လက်တွေ့တွင် ဟုမ္မရူး အဆင့်ကို ပီပီသသ တောင်းဆိုခဲ့ခြင်းမရှိခဲ့ပေ။ လူထုတွင် နာမည်ကောင်းမရဘဲ ပါတီဝင် အများစုသည် ရွှေတောင်ကြား ရပ်ကွက် မှာ နေထိုင်ကြသူများ ဖြစ်သသည့်အတွက် ရွှေတောင်ကြား ပါတီဟုသာ ခေါ်ဝေါ်ကြသည်။ ဆာဂျေအေ မောင်ကြီး၏ ရွှေတောင်ကြားပါတီသည် ခွဲရေး-တွဲရေးမှာ ခွဲရေး ဘက်က ရပ်တည်ခဲ့သည်။ ၁၉၃၁ ခုနှစ်၊ လန်ဒန်စားပွဲဝိုင်းကွန်ဖရင့် မှ အင်္ဂလိပ်အစိုးရ၏ ဖိတ်ကြားချက်အရ တက်ရောက်ခွင့်ရ ပုဂ္ဂိုလ် ၂၄ ဦးအနက် ၂၃ ဦး တက်ရောက်ရာတွင် ရွှေတောင်ကြားပါတီမှ ဦးအောင်သင်း၊ ဦးကြင်သိန်း၊ ဆာဒီဂလင်ဗီတို့ (၃) ဦး တက်ရောက်ခဲ့ကြသည်။ ၁၉၃၀ ပြည့် ဗမာပြည်ဘုရင်ခံ ဆာချားလ်စ်အင်းနစ် အင်္ဂလန် ခေတ္တ ပြန်သွားချိန်မှာ ယာယီ ဘုရင်ခံ အဖြစ် ရွှေတောင်ကြား ပါတီ ခေါင်းဆောင် ဆာဂျေအေမောင်ကြီးက တာဝန်ယူခဲ့သည်။ ထိုကာလတွင် ဆရာစံ လယ်သမား ပုန်ကန်တော်လှန်မှုကြီး ပေါ်ပေါက်ခဲ့သည်။
Remove ads
ကိုးကား
- ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads