ရွှေမြို့ (အနောက်)ရွာ၊ တပ်ကုန်းမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ရွှေမြို့ကျေးရွာသည် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာဖြစ်သည်။ တပ်ကုန်းမြို့မှ တောင်ဘက် ၉ မိုင်ခန့်အကွာ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ ယေဘုယျအားဖြင့် ရွှေမြို့ဟု ရည်ညွှန်းကြသော်လည်း ရွှေမြို့အရှေ့ရွာနှင့် ရွှေမြို့အနောက်ရွာဟူ၍ ရှိသည့်အပြင် ဘောဂ၊ ဘူတာ၊ ဟင်္သာကုန်း၊ ပင်းစုနှင့် သရက်တောကျေးရွာများသည် အားလုံးတစုတစည်းတည်း ရှိနေသည့် ရွှေမြို့ကျေးရွာအုပ်စုဝင် ကျေးရွာများ ဖြစ်ကြသည်။ ရွှေမြို့ဘူတာမှတဆင့် ရထားလမ်းဖြင့် ချိတ်ဆက်သွားလာနိုင်သော်လည်း အဓိကအသုံးပြုကြသည့် ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမနှင့် ရွှေမြို့ကျေးရွာအုပ်စုကြားတွင် ဆင်သေချောင်းခံနေသဖြင့် ကုန်းလမ်းသွားလာရေးတွင် ဆင်သေချောင်းကူတံတား(ရွှေမြို့)မှာ လွန်စွာအရေးပါလှသည်။ ပေ ၄၀၀ ခန့်အရှည်ရှိ အဆိုပါတံတားသည် ဆင်သေချောင်းရေကြီးရေလျှံသည့်အခါတိုင်း မျောပါပျက်စီးတတ်သည်။[၁]
- တပ်ကုန်းမြို့နယ် ဒေသဆိုင်ရာအချက်အလက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads