From Wikipedia, the free encyclopedia
ရွှေအိမ်သည် (ရွှေအိမ်စည် ဟုလည်း သိကြ) သည် ပုဂံခေတ်မှ နန်းတွင်း မင်းသမီးတစ်ပါး ဖြစ်သည်။ ကျန်စစ်သားနှင့် အပယ်ရတနာတို့၏ တစ်ဦးတည်းသော သမီးတော် ဖြစ်ပြီး အလောင်းစည်သူ၏ မိခင်ဖြစ်သည်။[၁][၂]:156
ရွှေအိမ်သည် | |
---|---|
မွေးဖွား | ၁၀၇၀ ဆယ်စုနှစ် အစောပိုင်း ပုဂံ |
ကွယ်လွန် | မသိရှိရ ပုဂံ |
အိမ်ထောင်ဖက် | စောယွန်း |
သားသမီးများ | စိုးဆိုင် အလောင်းစည်သူ |
စံအိမ် | ပုဂံ |
ခမည်းတော် | ကျန်စစ်သား |
မယ်တော် | အပယ်ရတနာ |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ပညာတက်၍ ဉာဏ်ရည်ထက်မြက်ကာ ခမည်းတော် ကျန်စစ်သားစကားကို တသွေမတိမ်း နာခံသော သမီးတော် ရွှေအိမ်စည်ကို ကျန်စစ်သားမင်းကြီးက ပုဂံဆိပ်ကမ်း အကောက်ခွန်များကို ကြီးကြပ်ရသော ရာထူးတာဝန် ထမ်းရွက်စေပြီး တြေလောကစူဠာမဏိဒေဝီ ဘွဲ့ ေးသနားတော် မူသည်။ [၃][၄]
ရွှေအိမ်သည်မင်းသမီးသည် ပဋိက္ခရား အမည်ရှိသော နိုင်ငံခြားသား မင်းသားတစ်ဦးနှင့် ချစ်ကြိုက်ခဲ့သည်ဟု ရာဇဝင်တွင် ဆိုကြသည်။[၅] ၁၀၈၄ ခုနှစ်တွင် ကျန်စစ်သား နန်းတက်ပြီးနောက် ပုဂံပြည်သို့ အလည်လာရောက်သော မင်းသားတစ်ပါးနှင့် ချစ်ကြိုက်ခဲ့သော်လည်း ဖခင် ကျန်စစ်သား သဘောမတူခဲ့သည့်အတွက် လက်မဆက်ဖြစ်ဘဲ စောလူးမင်း၏ သားတော် စောယွန်းမင်းသားနှင့် လက်ဆက်ပေးခဲ့ရာ ခမည်းတော် စကား မြေဝယ်မကျ နာခံသူ ရွှေအိမ်စည်ကလည်း လက်ခံကာ လက်ထပ်ခဲ့သည်ဟု ယူဆကြသည်။[၁][၆]
စောယွန်းနှင့် သားနှစ်ဦး ထွန်းကားခဲ့ပြီး စိုးဆိုင်နှင့် စည်သူ တို့ဖြစ်ကြသည်။
သမိုင်းတွင် ရွှေအိမ်စည် အမည်တူ မင်းသမီးနှစ်ဦးရှိရာ ပထမတဦးမှာ ယခု မင်းသမီးဖြစ်သည်။
ဒုတိယတဦးမှာ နရပတိစည်သူ နှင့် မိဘုရား စောစနေတို့၏ သမီးတော်၊ ပုသိမ်မြို့စား နာဂသမန်း နှင့်အကြောင်းပါသူဖြစ်သည်။ [၇]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.