ရှင်ကိုးရှင်

From Wikipedia, the free encyclopedia

ရှင်ကိုးရှင်
Remove ads

ရှင်ကိုးရှင်ဘုရားများ သည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အတွင်းတွင်ရှိကြပြီး မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးများ နှစ်စဉ်လာရောက်ဖူးမြော်ကြသည်။ ဟေမာ ဂီရိ မြို့တြိ မှတ်ဘိရှင်ကိုးရှင် ဟူ၍ တောင်တွင်တည်ထားသော ဘုရား(၃)ဆူ၊ တောရွာတွင်တည်ထားသော ဘုရား(၃)ဆူ၊ မြို့ပေါ်တွင်တည်ထား ဘုရား(၃)ဆူ ရှိသည်။

တောင်ပေါ်တွင်တည်ထားသော ဘုရား (၃)ဆူမှာ

  1. ရှင်ဆံတော်ဘုရား - ထားဝယ်မြို့မှ (၄၇) မိုင်ခန့်ရှိ ကလိန်အောင်မြို့အနောက် တောင်ပေါ် (ကောဇာသက္ကရာဇ် ၂၅)
  2. ရှင်မျှော်တောင်ဘုရား - ထားဝယ်မြို့မှ (၅၁) မိုင် (၃)ဖာလုံခန့်ရှိ လောင်းလုံမြို့နယ် ကြက်လွှတ်ရွာ (ထားဝယ်အငူ) (ကောဇာသက္ကရာဇ် ၂၃၈)
  3. ရှင်တောင့်ပုံဘုရား - ထားဝယ်မြို့မှ (၁၈) မိုင်ခန့်ရှိ သရက်ချောင်းမြို့အရှေ့ တောင်ပေါ် (ကောဇာသက္ကရာဇ် ၉၇)

တောရွာတွင်တည်ထားသော ဘုရား (၃)ဆူမှာ

  1. ရှင်ဓာတ်ဝဲဘုရား- ထားဝယ်မြို့မှ (၇) မိုင်ခန့်ရှိ မောင်မယ်ရှောင်ရွာ (ကောဇာသက္ကရာဇ် ၁၅၀)
  2. ရှင်ဇလွန်စေတီတော် - ထားဝယ်မြို့မှ (၆) မိုင်ခန့်ရှိ လောင်းလုံမြို့နယ် မြို့ဟောင်းရွာ (ကောဇာသက္ကရာဇ် ၁၇၀၊ ၈၈၆၊ ၈၈၉ ကွဲလျက်ရှိ)
  3. ရှင်တောက်ထိန်ဘုရား - ထားဝယ်မြို့မှ (၃) မိုင်ခန့်ရှိ လောင်းလုံမြို့နယ် ကမြောကင်းရွာ (သက္ကရာဇ် မသိ)

မြို့ပေါ်တွင်တည်ထားသော ဘုရား

  1. ရှင်ပင်ခရုဘုရား - ထားဝယ်မြို့ ကရပ်ပြင်ရပ်ကွက် (သက္ကရာဇ် မသိ)
  2. ရှင်ဥဩစေတီ - ထားဝယ်မြို့ ပိန္နဲတောရပ်ကွက် (ကောဇာသက္ကရာဇ် ၁၁၂၂)
  3. ရှင်မုတ္ထီးဘုရား - ထားဝယ်မြို့ ရှင်မုတ္ထီးရွာ (ကောဇာသက္ကရာဇ် ၇၈၀ မှ ၈၀၀)အတွင်း
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads