ရှင်နရိန္ဒ (သဒ္ဓမ္မဇောတိကာရာမဆရာတော်)
From Wikipedia, the free encyclopedia
Remove ads
ရှင်နရိန္ဒ(၁၂၂၃ - ၁၂၉၇) သည် “သဒ္ဓမ္မဇောတိကာရာမဆရာတော်” ဟု ထင်ရှားသည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။ [၁]
ဘဝ
ဆရာတော်ကို ၁၂၂၃ ခုနှစ်၊ တပို့တွဲလဆုတ် ၁၁ ရက် တနင်္လာနေ့တွင် ညောင်တုန်းမြို့၊ သံကြိုးရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးထွန်းဦး - ဒေါ်သဲကြာ ဖြစ်သည်?
ငယ်စဉ်က ခါးပန်းနီးဆရာတော်၊ ကလျာဏီဆရာတော်တို့ထံတွင် စာပေများ သင်ကြားခဲ့ပြီး ၁၂၄၃ ခုနှစ်တွင် ရဟန်းပြုခဲ့သည်။ ၁၂၄၆ ခုနှစ်တွင် ဓနုဖြူမြို့သဒ္ဒမ္မဇောတိကာရာမတိုက်သို့ ကြွတော်မူ၍ ၁၂၅၀ ပြည့်နှစ်တွင် မန္တလေးမြို့ မြတောင်တိုက်တွင် စာပေများ သင်ကြားတော်မူသည်။
၁၂၅၅ ခုနှစ်တွင် ဓတုဖြူသို့ ပြန်ကြွသွားခဲ့ပြီး ၁၂၈၂ ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်” ရခဲ့သည်။ [၁]
Remove ads
ပျံလွန်တော်မူခြင်း
ဆရာတော်သည် ၁၂၉၇ ခုနှစ်၊ ပြာသိုလဆုတ် ၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ [၁]
ကျမ်းများ ပြုစုခြင်း
ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။
၁။ သာဓုပသာဒကကျမ်း၊
၂။ စာဏကျနိတိနိသျ၊
၃။ သာဓုသမာစာရကျမ်း၊
၄။ ဝါဒါနုဝါဒအနုဓမ္မပါဌ်၊
၅။ သာဓုပတ္ထပူရဏီပါဌ်နိသျ၊
၆။ ကမ္မပိလောတိကဝိနိစ္ဆယပါဌ်နိသျ၊
၇။ ရူပိယဒါနာဒိဝိနိစ္ဆယ၊
၈။ မဂ္ဂပကာသနီကျမ်း၊
၉။ ပဋိပတ္တိပကာသနီကျမ်း၊
၁၀။ ပဋ္ဌာန်းပဉှာဝါရပါဌ်နိသျ၊
၁၁။ ပစ္စဝေက္ခိတဗ္ဗသုတ်နိသျ၊
၁၂။ ဒေဝဒူတသံဝေဇနိယကျမ်း၊
၁၃။ အာမဂန္ဓသုတ်နိသျ၊
၁၄။ ဒွါရဂိုဏ်းဥပဒေ၊
၁၅။ ကမ္မာကမ္မဝိနိစ္ဆယကျမ်း၊
၁၆။ အာသန္နဒါနာဒိဝိနိစ္ဆယကျမ်း၊
၁၇။ ပုဗ္ဗကောဋိဝိနိစ္ဆယကျမ်း၊
၁၈။ စတုဘာဏဝါရမဟာပရိတ္တနိသျ၊
၁၉။ ဝုဍ္ဎာစာယနဝိနိစ္ဆယကျမ်း၊
၂၀။ နဝင်္ဂသီလဝိနိစ္ဆယကျမ်း၊
၂၁။ ပဋိသမ္ဘိဒါပတ္တဝိနိစ္ဆယကျမ်း။[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads