ရှင်ပင်သာချမ်းသာကြီးဘုရား

From Wikipedia, the free encyclopedia

Remove ads

ရှင်ပင်ချမ်းသာကြီး ရုပ်ပွားတော်သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၏ ရှေးဟောင်းသမိုင်းဝင် ရုပ်ပွားတော်မြတ်ကြီးဖြစ်သည်။ ဉာဏ်တော်အမြင့် ၅ ပေ၊ ဒူးနှစ်ဖက် အကျယ် ၄ ပေ ၈ လက်မရှိသော ရွှေပိန်းချထားသည့် ရုပ်ပွားတော်မြတ်ဖြစ်သည်။ ရှင်ပင်ချမ်းသာကြီး ရုပ်ပွားတော်ကို ကျောက်ပွသားဖြင့် ထုဆစ်ထားပြီး ဦးခေါင်းမဏိတော်တွင် ဆံကျစ်ထုံးရှည် ကြာဖူးပုံသဏ္ဌာန် ပါရှိခြင်းသည် အလွန်ထူးခြားပြီး ရှေးဟောင်းမွန်လက်ရာ၊ မွန်ဘုရားဖြစ်ကြောင်း ပေါ်လွင်နေလေသည်။ ယခုအခါ မကိုဋ်သရဖူ ဆက်ကပ်ထား၏။ အိမ်မဲမြို့သည် ရှင်ပင်ချမ်းသာကြီးဘုရားကြောင့် ထင်ရှားသည့်အပြင် ဘုရင့်နောင်၏ နာမည်ကျော် နောင်ရိုးတိုက်ပွဲ ဖြစ်ပွားရာဒေသဟု သမိုင်းပညာရှင်များ တစ်ညီတစ်ညွတ် အတည်ပြုခြင်း ခံရသဖြင့် မြန်မာ့သမိုင်းတွင် အရေးပါသော မြို့တစ်မြို့ ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် မော်တော်ကားလမ်းများ ဖောက်ထားသဖြင့် ဒေသပေါင်းစုံမှ ဘုရားဖူးများ စည်ကားစွာ လာရောက်ဖူးမြော်ကြလေ့ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads