ရှင်ပင်သာထွန်းဦးမြတ်စွာဘုရား

From Wikipedia, the free encyclopedia

Remove ads

ရှင်ပင်သာဒွန်းဦး မြတ်စွာဘုရားသည် မန္တလေးတိုင်းဒေသကြီးနွားထိုးကြီးမြို့၏ အထင်ကရ မြို့ကျက်သရေဆောင် တန်ခိုးကြီး မြတ်စွာဘုရား ဖြစ်သည်။

သမိုင်းအကျဉ်း

နွားဓိုရ် ဟုအမည်တွင်သော ကျေးရွာမှ နွားကျောင်းသားလေး မောင်သာဒွန်းဦး ကျောင်းသော နွားများထဲမှ နွားတစ်ကောင်သည် ဦးချိုသွေးရာမှ စေတီတော်တစ်ဆူ ပေါ်တော်မူခဲ့သည်။ အဆိုပါပေါ်တော်မူ စေတီ တစ်ဆူကို ရသေ့ရှင်နိုင်စံ၏ ဗျာဒိတ်ဖြင့် ဌာပနာပြုတည်ထား ကိုးကွယ်ခဲ့ရာမှ ရှင်ပင်သာဒွန်းဦး အမည် တွင်ခဲ့သည်ဟူသော စကားများအရသိရသည်။ ပုဂံခေတ်ဦးပိုင်း ကွမ်းဆော်ကြောင်ဖြူမင်း လောင်းသည် ကွမ်းထမ်းရောင်းရာ လမ်းခရီးတစ်ထောက်နားနေစဉ် သိကြားမင်း၏ စောင်မမှုဖြင့် ကွမ်းဆော်ကြောင်ဖြူမင်း ဖြစ်ခဲ့ရသည်ဟူသော သမိုင်းကြောင်းနှင့် အနည်းငယ် ဆင်တူသော စကားရှိခဲ့သည်။ အဆိုပါမင်းသည် မင်းမဖြစ်မီ အချိန်များက ရှင်ပင်သာဒွန်းဦးဘုရားတွင် သူမင်းဖြစ်ချိန်တွင် ဤဘုရားအား ကောင်းမွန်စွာ တည်ထား ကိုးကွယ်မည်ဟူသော သစ္စာစကားဆိုခဲ့ဖူးသည်။ ထို့ကြောင့်မင်းဖြစ်ချိန်တွင် ဘုရားအား ပြုပြင်မွမ်းမံ ကိုးကွယ်ခဲ့လေသည်။

Remove ads

တည်ထားဖွဲ့စည်းမှု

စေတီတော်ကို ဘုံ(၇)နှင့် သစ်သားပြာသာဒ်တော်ဖြင့် ငုံ၍တည်ထားခြင်း ဖြစ်သည်။ စေတီတော်အား ငုံထားသော ဘုံပြာသာဒ်တော်ကြီးကို သစ်သားတိုင်လုံးပေါင်း (၅၉)တိုင်ဖြင့် တည်ထားခြင်းဖြစ်သည်။ ဦးစီးပဒါန နာယက ဆရာတော်အဖြစ် ဘုရားခြေရင်းတွင် ရှိသော ရွှေကျောင်းမှ ဆရာတော် အဆက်ဆက်က တာဝန်ယူ ထိန်းသိမ်းခဲ့ကြသည်။ ထို့ပြင် စေတီတော်၏ တောင်ဘက်တွင် ဗုဒ္ဓဂါယာမှ မျိုးစေ့ ယူဆောင် စိုက်ပျိုးထားသော ဗောဓိညောင်ပင် တည်ရှိသည်။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads