ရှင်အာဒိစ္စရံသီ

From Wikipedia, the free encyclopedia

Remove ads

ရှင်အာဒိစ္စရံသီ (၁၁၂၈ - ၁၁၉၆၊ မုံရွေးဆရာတော်ဟု သိကြသည်) သည် ဘိုးတော်ဘုရားလက်ထက်တွင် ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။[]

ဘဝ

ဆရာတော်ကို ၁၁၂၈ ခုနှစ် နယုန်လဆန်း ၄ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်အောင်မြ ဖြစ်သည်။ မိဘနှစ်ပါးမှာ ကြေးမုံရွာသူကြီး ဦးဇေယျနှင့် ဒေါ်မင်းလှ[မှတ်စု ၁] ဖြစ်သည်။

အသက် ၆ နှစ်အရွယ်တွင် မုံရွေးရွာ အရှေ့ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ အသက် ၁၆ နှစ်အရွယ်တွင် မုံရွေးဇေတဝန်ကျောင်း မဟာဝိစိတ္တာရာမ ဆရာတော်ကြီးထံတွင် ပညာသင်ကြားလျက် သာမဏေ ပြုခဲ့သည်။ ဘွဲ့တော်မှာ “ရှင်အာဒိစ္စ” ဖြစ်သည်။

အသက် ၁၂ နှစ်အရွယ်တွင် မဟာသီလဝ၊ အာဒါသမုခ စသည့် ပျို့များကို ရေးသားနိုင်ခဲ့သည်။ ထို့နောက် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ ဆားထုံးဆရာတော်၊ သက်ငယ်ကျောင်းဆရာတော်များထံတွင် ဆက်လက်ကာ ပညာသင်ကြားခဲ့သည်။ သင်္သကြိုက်၊ ဗင်္ဂလီ၊ နာဂရီဘာသာများကို တတ်မြောက်ခဲ့သည်။

ဘိုးတော်ဘုရားလက်ထက်တွင် အရိယသဒ္ဓမ္မဝံသအာဒိစ္စရံသီဘွဲ့တံဆိပ်တော်ကို ကပ်လှူခြင်း ခံခဲ့ရသည်။ ၁၁၆၄ ခုနှစ်တွင် ဆရာရင်း မုံရွေးဆရာတော် ဦးဝိစိတ္တာရာမပျံလွန်တော်မူသဖြင့် မုံရွေးဇေတဝန်ကျောင်းတိုက်ကို ဆက်ခံတော်မူခဲ့သည့်။ ထို့ကြောင့် မုံရွေးဆရာတော်[မှတ်စု ၂]ဟု ထင်ရှားလာခဲ့သည်။

ထို့နောက်တွင် ဘကြီးတော်မင်းလက်ထက်တွင် နေပြည်တော်သို့ ပင့်ဆောင်ကိုးကွယ်ခဲ့သည်။ ငါးထပ်ကျောင်း (ပြာသာဒ်ကျောင်း) ဆောက်လုပ်လှူဒါန်းကာ ဣန္ဒာဇိရာ လင်္ကာရသီရိမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ကို ကပ်လှူခဲ့သည်။

၁၁၈၇ ခုနှစ်တွင် အင်္ဂလိပ် - မြန်မာစစ်ဖြစ်ရာ၌ ပါဝင်စကားပြောဆိုခဲ့သဖြင့် ပြေလည်ခဲ့သည်။ မှန်နန်းရာဇဝင်တော်ကြီးကို ရေးသားရာ၌လည်း ပါဝင်ခဲ့သည်။ ထို့နောက်တွင် ဣန္ဒဝဇိရာဘိလင်္ကာရသီရိဓဇမဟာရာဇာဓိရာဇဂုရုတံဆိပ်တော် ကပ်လှူခံရပြန်သည်။[]

Remove ads

ပျံလွန်တော်မူခြင်း

ဆရာတော်သည် ၁၁၉၆ ခုနှစ်တွင် အင်းဝနေပြည်တော်ရှိ ပြာသာဒ်ကျောင်းတွင် ပျံလွန်တော်မူခဲ့သည်။[]

ပြုစုခဲ့သည့် ကျမ်းများ

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ မဟာရာဇဝင်တော်ကြီး၊

၂။ မဟာရာဇဝင်သံခိပ်၊

၃။ သမန္တစက္ခုဒီပနီ၊

၄။ သာသနဝံသဒီပနီ၊

၅။ ရွှေလင်းတပျို့၊

၆။ ဝစနာလင်္ကာရကျမ်း၊

၇။ ဟိတလက္ခဏာကျမ်း၊

၈။ လက္ခဏရာမရာဇဝင်၊

၉။ မဟာသမုဒ္ဒဂမ္ဘီရဒီပနီ၊

၁၀။ အဿလက္ခဏကျမ်း၊

၁၁။ ဝစနမာလာကျမ်း၊

၁၂။ သီဟဠဝတ္ထု၊

၁၃။ ပေါရာဏကထာကျမ်း၊

၁၄။ ဥတေနပျို့ (ဥတိန္န)၊

၁၅။ ကုသပျို့၊

၁၆။ ကုသပျို့ဖတ်စာ၊

၁၇။ နာနာဆန္ဒပျို့၊

၁၈။ ဝါဆိုစဉ်ပျို့၊

၁၉။ မဟာနာရဒပျို့၊

၂၀။ ပဉ္စာဝုဓပျို့၊

၂၁။ ပဉ္စာဝုဓပျို့ဖတ်စာ၊

၂၂။ ဟာသဇဝနိယဉာဏမဉ္ဇရီ၊

၂၃။ ရာဇောဝါဒ စာကိုယ်နှင့်အဖြေ၊

၂၄။ ကဝိမဏ္ဍနီသတ်ပုံ၊

၂၅။ ရွှေလင်္ကာ၊

၂၆။ သတ်ပုံလင်္ကာ၊

၂၇။ သတ်ညွှန်းနှင့်သတ်ထူး၊

၂၈။ မင်းအဆုံးအဖြတ်၊

၂၉။ ကေသဓာတုဝင်နိသျ၊

၃၀။ အာကာသသျှတ္တရပျို့၊

၃၁။ အာကာသစာရီပျို့၊

၃၂။ အာဒါသမုခပျို့၊

၃၃။ မဏိသျှတ္တရပျို့၊

၃၄။ ပြာသာဒ်ကျောင်းဘွဲ့၊

၃၅။ ဩဝါဒဝိနိစ္ဆယကျမ်း၊

၃၆။ မဟာသီလဝပျို့၊

၃၇။ မင်္ဂလသုတ်ပျို့၊

၃၈။ ပါရမီတော်ခန်းအဖြေ၊

၃၉။ အမွေခွဲပုံဓမ္မသတ်၊

၄၀။ စွယ်စုံကျော်ထင်အဖြေ၊

၄၁။ မေတ္တာစာများ၊

၄၂။ ဧကပိုဒ်ရတုများ၊

၄၃။ သင်္ဂါယနာတင်လူးတား၊

၄၄။ ပုစ္ဆာလင်္ကာ။[]

မှတ်စု

  1. မိဘနှစ်ပါးမှာ ဦးကြာဖြူနှင့် ဒေါ်ငြိမ်းမြ၊ ဆရာတော်၏ ငယ်မည်မှာ မောင်တိုးဟုလည်း အမှတ်အသား ရှိသည်။ မမှန်ချေ။
  2. ပထမမုံရွေးဆရာတော်သည် ရှင်အာဒိစ္စ၏ ဆရာရင်း မဟာဝိစိတ္တာရာမဆရာတော် ဖြစ်သည်။ ဆရာတော်သည် ကျမ်းများ ပြုစုခဲ့သည်။ ဝိစိတ္တာလင်္ကာရသာသနဓဇမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ကို ရရှိခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads