ရှန်ဟိုင်း ဖူတုန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်

From Wikipedia, the free encyclopedia

ရှန်ဟိုင်း ဖူတုန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်
Remove ads

ရှန်ဟိုင်း ဖူတုန်း အပြည်ပြည်ဆိုင်ရာ လေဆိပ် (တရုတ် - 上海浦东国际机场; 上海浦東國際機場) (IATA: PVG, ICAO: ZSPD) သည် အာရှဒေသ အထူးသဖြင့် အရှေ့အာရှဒေသရှိ လေကြောင်းပို့ဆောင်ရေး ဗဟိုအချက်အချာ ဖြစ်သည်။ ၎င်းသည်လည်း ရှန်ဟိုင်းမြို့ပြဒေသကို ဝန်ဆောင်မှုပေးနေသည့် အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သည်။ မြို့လယ်မှ ၃၀ ကီလိုမီတာ (၁၉ မိုင်) ခန့် ကွာဝေးပြီး ဧရိယာမှာ ၄၀ စတုရန်း ကီလိုမီတာ (၁၅ စတုရန်း မိုင်) ကျယ်ဝန်းကာ ဖူတုန်းမြို့နယ် အစွန်းတွင် တည်ရှိသည်။

အချက်တိုများ ရှန်ဟိုင်း ဖူတုန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်Shanghai Pudong International Airport上海浦东国际机场 Shànghǎi Pǔdōng Guójì Jīchǎng, အချက်အလက်များ ...

ဖူတုန်းလေဆိပ်သည် အရှေ့ပိုင်း တရုတ် လေကြောင်း (China Eastern Airlines)၊ ရှန်ဟိုင်းလေကြောင်း (Shanghai Airlines) နှင့် တရုတ်လေကြောင်း (အဲယားချိုင်းနား) (Air China) တို့၏ အဓိက အခြေစိုက်စခန်း ဖြစ်သည်။ လေဆိပ် အဆောက်အဦးတွင် အပြိုင်ဆောက်ထားသည့် တယ်မီနယ် ၂ ခုနှင့် ဘေးတစ်ဖက်တစ်ချက်တွင် ပြေးလမ်း ၃ ခု အပြိုင် ဖောက်လုပ်ထားသည်။ ၂၀၁၅ ခုနှစ်တွင် နောက်ထပ် တယ်မီနယ် ၁ ခုနှစ် ပြေးလမ်း ၂ ခု ထပ်မံ ဆောက်လုပ်ရန် လျာထားသည်။ ခရီးသည် ဦးရေ သန်း ၆၀ မှ ၈၀ အထိတိုးမြှင့်နိုင်မည့်အပြင် ကုန်စည် တန်ချိန် ၆ သန်း ကိုင်တွယ်နိုင်မည်ဖြစ်သည်။ [] တယ်မီနယ် အဆောက်အဦး နှစ်ခုအကြားတွင် သံလိုက်ရထားဘူတာ တည်ရှိပြီး လေဆိပ်မှ မြို့တွင်းသို့ ၇ မိနစ် ၂၀ စက္ကန့်အတွင်း ရောက်ရှိနိုင်သည်။ ဖူတုန်းလေဆိပ်သည် တရုတ်ပြည်တွင် အနည်းစု ၂၄ နာရီပတ်လုံး ဖွင့်လှစ်သည့် လေဆိပ် တစ်ခုဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads