ရှမ်းပြည်

ရှမ်းတိုင်းပြည်များစုဝေးရာဒေသ (၁၈၈၅–၁၉၄၈) From Wikipedia, the free encyclopedia

ရှမ်းပြည်
Remove ads

ရှမ်းပြည် (၁၈၈၅ - ၁၉၄၈) ဆိုသည်မှာ ဗြိတိသျှဘားမားရှိ ရှမ်းစော်ဘွားများ အုပ်ချုပ်သော ပဒေသရာဇ်ရှမ်းပြည်နယ်စုကိုရည်ညွှန်းသည်။ ထိုပြည်နယ်များကို ရှမ်းဘာသာဖြင့် မိူင်းဟုခေါ်ဆိုပြီး ဗြိတိသျှအိန္ဒိယရှိ မဟာရာဇာများ အုပ်ချုပ်သော ပြည်နယ်များဖြင့် အလားသဏ္ဌာန်တူညီသည်။

အချက်တိုများ Shan States ​ရှမ်းပြည်, မြို့တော် ...

ရှမ်းပြည်နယ်စုဟူသော ဝေါဟာရကို ကိုလိုနီခေတ် တွင် မြန်မာပြည်၏ အုပ်ချုပ်ရေးအပိုင်းအခြားတစ်ခုအဖြစ် ပထမဆုံး စတင်အသုံးပြုခဲ့သည်။ တရားဝင်အားဖြင့် ပဒေသရာဇ်ရှမ်းပြည်နယ်စုဟုခေါ်ဆိုပြီး ထိုပြည်နယ်စုတွင် ယနေ့ခေတ် ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့၏ နယ်မြေများပါဝင်သည်။ အချို့အကြောင်းအရာတို့တွင် ထိုင်းနိုင်ငံရှိ ‌ဇင်းမယ်အား သယာမ် ရှမ်းပြည် ဟုလည်းကောင်း၊ တရုတ်ပြည်ရှိ စစ်ဆောင်းပန္နားဒေသအား တရုတ် ရှမ်းပြည်ဟုလည်းကောင်း ရည်ညွှန်းသည်။

သမိုင်းမှတ်တမ်းများအရ ယနေ့ခေတ်မြန်မာပြည်နယ်နမိတ်အတွင်း ရှမ်းဒေသသည် ပုဂံခေတ်တွင် စတင်တွေ့ရှိခဲ့သည်။ ၁၂၁၅ ခုနှစ်တွင် ပထမဦးဆုံ ရှမ်းနယ်အား မိုးကောင်းနယ်တွင် လည်းကောင်း ၁၂၂၃ တွင် မိုးနဲနယ်တွင် လည်းကောင်းအခြေချခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads