ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ

From Wikipedia, the free encyclopedia

Remove ads

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Shan State Kokang Democratic Party; SSKDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း

၈၈၈၈ အရေးအခင်း ပြီးနောက် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ[] ကွမ်းလုံမြို့နယ်တွင် တစ်နေရာအနိုင်ရရှိခဲ့သည်။[]

ပါတီကို ၂၀၁၂ ခုနှစ် ဩဂုတ် ၃၁ တွင် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး[] ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်မရခဲ့ပေ။[]

ပယ်ဖျက်ခြင်း

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက် အမှတ် ၄၈/၂၀၂၃ အရ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (ခ) နှင့်အညီ ဖျက်သိမ်းပြီးဖြစ်ပါသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads