ရှားအလမ်မြို့
From Wikipedia, the free encyclopedia
Remove ads
ရှားအလမ်မြို့သည် မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်၏ မြို့တော်ဖြစ်ပြီး ပီတလင်းခရိုင်အတွင်း တည်ရှိကာ အိမ်နီးချင်းဖြစ်သော ကလန်းခရိုင်လည်း တစိတ်တပိုင်း ပါဝင်သည်။ ကွာလာလမ်ပူမြို့၏ အနောက်ဘက် ၁၆မိုင် (၂၅ ကီလိုမီတာ) ခန့် အကွာတွင် တည်ရှိသည်။ ရှားအလမ်မြို့သည် ၁၉၇၈ ခုနှစ်တွင် ဆလန်ဂေါပြည်နယ်၏ မြို့တော်အဖြစ် ကွာလာလမ်ပူမြို့ အစား သတ်မှတ်ခဲ့ပြီး ကွာလာလမ်ပူ အနေနှင့် ၁၉၇၄တွင် ဖက်ဒရယ် နယ်မြေအတွင်းသို့ ပေါင်းစည်းခဲ့ခြင်းကြောင့် ဖြစ်သည်။ ရှားအလမ်သည် မလေးရှားတို့ ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်သည့် ၁၉၅၇ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံး အစီအစဉ်ချ တည်ဆောက်ခဲ့သော မြို့တစ်မြို့ဖြစ်သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads