ရှီအာမွတ်စလင်(မ်)
From Wikipedia, the free encyclopedia
Remove ads
ရှီယာ မူဆလင် (Shia) သည် အစ္စလာမ် ဘာသာခွဲများတွင် ဆွန်နီ မူဆလင် ပြီးနောက် ဒုတိယ အကြီးဆုံးဖြစ်သည်။ ရှီယာ မူဆလင်သည် မူဆလင်တွင် အရေအတွက် အားဖြင့်နည်းသော်လည်း အီရန်၊ အဇာဘိုင်ဂျန်၊ ဘာရိန်း နှင့် အီရတ် တို့တွင် အဓိက ဘာသာ ဖြစ်ပြီး၊ လက်ဘနွန် နှင့် ကူဝိတ် တို့တွင်လည်း အများအပြား ရှိသည်။

ပရောဖက်မိုဟာမက် မရှိတော့သည်နောက် သူ၏အရိုက်အရာအားဆက်ခံမည့် ဘာသာရေးခေါင်းဆောင်အား ရွေးချယ်ရန် မဒီနာ(Medina)မြို့တွင် နောက်လိုက်များ စည်းဝေးတိုင်ပင်ကြရာမှ Abu-Bakr (မိုဟာမက်၏တပည့်သာဝကကြီးဖြစ်သူ) ကို တင်မြောက်လိုက်ကြသည်။ ထိုအဖွဲ့ကို ဆွန်နီဟုခေါ်သည်။ သို့ရာတွင် Abu-Bakr ၏ ဆက်ခံမှုအား မထောက်ခံသည့်အုပ်စုတစ်စုလည်း ရှိနေပြန်သေးသည်။ ခေါင်းဆောင်အမည်မှာ Ali-ibn-Abi Talib ဖြစ်ပြီး မိုဟာမက်နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သလို သားမက်လည်း တော်စပ်သူဖြစ်သည်။ မိုဟာမက်သည် Ghadir-Khum တွင် တရားဟောကြားစဉ်က အလီ အိုင်ဘင် အဘီ တာလိဘ်(Ali-ibn-Abi-Talib) အား "mawla" (အင်္ဂလိပ်ဘာသာဖြင့်Master) တစ်ဦးအဖြစ် ပြောဆိုသုံးနှုန်းသွားခဲ့ဖူးခြင်းကြောင့် သူသာဆက်ခံသင့်သည်ဟု ဆိုသည်။ အလီနှင့် သူ့အားထောက်ခံသူနောက်လိုက်များအား Shiat-Ali (အလီ၏နောက်လိုက်) the Following -of-Ali) ဟုခေါ်ကြပြီး ယနေ့အချိန်တွင်တော့ ရှီယာ ဟုသာသိကြတော့သည်။ ထို့အပြင် အလီသည် နောက်ဆုံးတွင် ခေါင်းဆောင်ကြီး ၄ ဦး၏ စတုတ္ထမြောက်ဆက်ခံသူနေရာအား ရရှိခဲ့သည်။ ဆိုလိုရင်းမှာ ဆွန်နီ များအတွက် Abu-Bakr သည် မိုဟာမက်နောက် ပထမဆုံး ဆက်ခံသူခေါင်းဆောင်ဖြစ်ပြီး အလီမှာစတုတ္ထမြောက်ဆက်ခံသူဖြစ်သည်။ သို့သော် ရှီယာများအတွက်တော့ အလီမှာ မိုဟာမက်နောက် ပထမဆုံး ဆက်ခံသူဖြစ်သည်။
ဆွန်နီ နှင့် ရှီယာတို့သည် ကိုးကွယ်ကျင့်သုံးရာအဖြစ် ကိုရ်အာန်ကျမ်းအား အဓိကအသုံးပြုကြသော်လည်း မတူကွဲပြားခြားနားသော hadiths ခေါ်အစဉ်အလာနှင့် ကိုရ်အာန်အား ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့် ဘာသာရေး စည်းမျဉ်းစည်းကမ်းများ မတူညီကြချေ။ အရေအတွက်အရလည်း ဆွန်နီ များသည် ကမ္ဘာအဝှမ်းတွင် လူများစုဖြစ်ပြီး ရှီယာ များမှာ အီရန်နှင့် အီရတ်တွင်သာ လူများစုအဖြစ် တည်ရှိကြသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads