လက်နှိပ်ကွက် (ကွန်ပျူတာ)

From Wikipedia, the free encyclopedia

လက်နှိပ်ကွက် (ကွန်ပျူတာ)
Remove ads

ကွန်ပျူတာတွင် တပ်ဆင်သော လက်နှိပ်ကွက်ဆိုသည်မှာ လက်နှိပ်စက်နှင့် အလားသဏ္ဌာန် တူသော လက်ကွက်ခလုတ်များ ဖြစ်၍ စက်မှုဆိုင်ရာ လီဗာ ကဲ့သို့ သို့မဟုတ် အီလက်ထရွန်းနစ် ခလုတ်ကဲ့သို့ အလုပ်လုပ်သည်။ ပန့်ချ်ကတ်များ နှင့် စက္ကူတိပ်များကို အသုံးပြု၍ ကွန်ပျူတာနှင့် ဆက်သွယ်ခြင်းများ နည်းပါးလာသည့်နောက်တွင် လက်နှိပ်ကွက်များသည် ကွန်ပျူတာအတွက် အချက်အလက်များ ထည့်သွင်းပေးနိုင်သည့် အဓိက ကိရိယာများ ဖြစ်လာကြသည်။ မောက်စ်၊ ထိတွေ့ထိန်းချုပ်နိုင်သော မျက်နှာပြင်၊ ဘောပင်ကဲ့သို့ ရေးသားနိုင်သော ကိရိယာများ၊ စာလုံးကို မှတ်မိနိုင်ခြင်း၊ အသံကို မှတ်မိနိုင်ခြင်း စသည့် နည်းပညာများကို တီထွင်လာကြသော်လည်း လက်နှိပ်ကွက်များသည် ကွန်ပျူတာတွင် အသုံးအများဆုံးသာ ဖြစ်နေသေးသည်။

Thumb
လက်ပ်တော့ပ်မှ ကီးဘုတ်
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads