လက်ပံတန်းမြို့
From Wikipedia, the free encyclopedia
Remove ads
လက်ပံတန်းမြို့သည် သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ ခရိုင်အတွင်း လူအစည်ကားဆုံးမြို့ဖြစ်သည်။ ယင်းသို့ လူစည်ကားရခြင်းမှာ လက်ပံတန်းမှ သာရဝေါသွား ရန်ကုန် - ပုသိမ် မီးရထားလမ်းနှင့် ရန်ကုန် - ပြည် မီးရထားလမ်းဆုံရာမြို့ ဖြစ်သော ကြောင့်တည်း။ အရေးပိုင်ရုံးစိုက်သော သာယာဝတီမြို့နှင့် ရှစ်မိုင်ခန့်ကွာဝေး ၏။ ရောင်းဝယ်ဖောက်ကားရန် အသွားအလာလွယ်ကူရာ လမ်းဆုံမြို့ ဖြစ်သဖြင့် စည်ကားလေသည်။ ၁၉၆၉ ခုနှစ် သန်းခေါင်စာရင်းအရ လူဦး ရေ ၂၂၄၁၅ ယောက်ရှိလေသည်။ ရန်ကုန်နှင့်ပြည်အကြား အကြီးဆုံးသော မီးရထားဘူတာရုံမြို့ဖြစ်၍ မီးရထားအလုပ်ရုံလည်းရှိသည်။ မြို့ပိုင်ရုံးစိုက်၍ မြူနီစပယ်အဖွဲ့ရှိလေသည်။
ရန်ကုန်မှ ပြည်သွား မော်တော်ကားလမ်းမူကား လက်ပံတန်းမြို့ ထဲသို့ ဖြတ်သန်းမသွားဘဲ လက်ပံတန်းနှင့် သုံးမိုင်ခန့်ဝေးသော ကျွန်းကလေး တာဆုံကို ဖြတ်သွားလေသည်။ လက်ပံတန်းမြို့၌ စပါးအရောင်း အဝယ်ကို အထူးသဖြင့် လုပ်ကိုင်ကြ၏။ တိုက်နယ်ဆေးရုံ၊အစိုးရအထက်တန်းကျောင်းများနှင့် အစိုးရစက်မှုသိပ္ပံကျောင်းရှိလေသည်။
လက်ပံတန်းမြို့သည် လူမျိုးယဉ်ကျေးမှုပေါင်းစုံစုစည်းနေသည့်မြို့ဖြစ်သည်။ဒေသအစားအစာအနေဖြင့် လက်ပံတန်းကရေကရာသည်ထင်ရှားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads