လစ်ဘရယ်ဒီမိုကရေစီ
From Wikipedia, the free encyclopedia
Remove ads
လစ်ဘရယ် ဒီမိုကရေစီ၏ အရေးပါသော အချက်များမှာ -
လွတ်လပ်ခြင်း
နှိပ်စက်အနိုင်ကျင့်ခြင်းမှ လွတ်ကင်းရမည်။ ဝရမ်း ( အမိန့်) မပါဘဲ ရှာဖွေဖမ်းဆီးခြင်းမျိုး မရှိရပါ။ လာဘ်ပေးလာဘ်ယူခြင်းမှ ကင်းဝေးရမည်။ အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အုပ်စုများက အကြမ်းဖက်ခြင်းမျိုး မရှိရ။
တရား ဥပဒေ စိုးမိုးခြင်း
နိုင်ငံသားတိုင်း ဥပဒေအောက်တွင် ကျောသား ရင်သား မခွဲခြားရပေ။ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ နေထိုင်ရာဒေသကြောင့် ခွဲခြားခြင်း မရှိရ။ မတရားသဖြင့် ဖမ်းဆီးထောင်ချ ပြည်နှင်ဒဏ်ပေးခြင်းမျိုး မရှိရပေ။ မည်သူမျှ ဥပဒေ အထက်တွင် မရှိရ။ အစိုးရတွင် အတိုင်းတာတခု အတွင်းသာ ရှိရမည်ဖြစ်ပြီး ဖွဲစည်းပုံ အခြေခံ ဥပဒေနှင့် အခြားတရားဥပဒေ၏ အတွင်းတွင်သာ လုပ်ဆောင်ရမည်။ တရားရုံးများသည် လွတ်လပ်သော ဖွဲ့စည်းပုံနှင့် လွတ်လပ်စွာ စီရင်ချက် ချနိုင်ရမည်။ တရားစွဲဆို ခံရသူသည် မည်သည့်အတွက်ကြောင့် တရားစွဲဆိုခံသင့်သည်ဟူသည်ကို သိရှိရမည် ဖြစ်ပြီး ၎င်းအပေါ် တရားစွဲဆိုချက် တိကျခိုင်လုံမှု မရှိမချင်း အပြစ်မရှိဟု မှတ်ယူရမည်။ မျှတမြန်ဆန်၍ ဘက်မလိုက်သော တရားရုံတွင် တရားရင်ဆိုင်နိုင်ရမည်။ မည်သူမျှ နောက်ပြန်၍ တရားစွဲဆိုခံရခြင်းမျိုးမရှိရ (ဥပမာ - ၂၀၁၅ တွင် ပြဋ္ဌာန်းသည့် ဥပဒေဖြင့် ၂၀၁၃ မှ အမှုကို စီရင်ချက် မချရ)။ မည်သူမျှ နှိပ်စက်ခြင်း၊ လူသားမဆန် ရက်စက်သော လုပ်ဆောင်ချက်မျိုး မခံစားစေရ။
Remove ads
အဆင့်တူခြင်း တာဝန်ယူခြင်း
အာဏာကို အဖွဲ့များထဲတွင် ခွဲဝေခြင်း သိုမဟုတ် ဌာနများတွင် ခွဲဝေထားခြင်းဖြင့် လွတ်လပ်စွာ စစ်ဆေး ဆုံးဖြတ်နိုင်ခြင်းမျိုး ရှိရမည်။ အစိုးရ ဌာနများ၏ လုပ်ဆောင်ပိုင်ခွင့်သည် အတိုင်းအတာ တစ်ခုအထိသာ ရှိသင့်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်ကို လွတ်လပ်သော အဖွဲ့အစည်းများက စိစစ်၍ ထောက်ပြ ပြောဆိုပိုင်ခွင့် ရှိရမည်။ လွတ်လပ်သော အဖွဲ့အစည်းများက လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးမှုများကို စစ်ဆေး တင်ပြရမည်။
လူထုမှ လက်နက်ကိုင် အဖွဲ့အစည်များကို ထိန်းချုပ်နိုင်ခြင်း
စစ်တပ်နှင့် ရဲအဖွဲ့အစည်းများသည် လူထုက ရွေးကောက်ထားသော အုပ်ချုပ်သူများ (သမ္မတနှင့် ဝန်ကြီးများ)၏ အောက်တွင် အမိန့်နာခံသော အဖွဲ့အစည်း ဖြစ်ရမည်။ စစ်ဦးစီးချုပ်သည် လူထုက ရွေးကောက်တင်မြောက်ထားသူ ဖြစ်ရမည်။ အဆင့်မြင့်ရာထူး ရယူထားသော စစ်ဦးစီးများသည် ပြည်သူက ရွေးကောက်ထားသူများ ဖြစ်ရမည်။ ၎င်းတို့၏ အသုံးစရိတ် လျာထားမှုများသည် လွှတ်တော် သို့မဟုတ် သမ္မတက နားလည် အတည်ပြု ချမှတ်ထားသည်များ ဖြစ်ရမည်။ စစ်အဖွဲ့အစည်းအတွင်း၊ သမ္မတရုံးအတွင်း၊ လွတ်တော်အတွင်းတွင် လူထုကိုယ်စားပြု အာဏာဖြင့်သာ ၎င်းတို့၏ ဆောင်ရွက်ချက်များကို ထိန်းချုပ်စောင့်ရှောက် ကြည့်ရှုနိုင်ရမည်။ စစ်တပ်နှင့် ထောက်လှမ်းရေး အဖွဲ့အစည်များသည် နိုင်ငံတွင်းတွင် လှုပ်ရှား ဆောင်ရွက်ခြင်းမျိုးမရှိရ (အလွန်လိုအပ်သော အခြေခံဥပဒေအရ ခွင့်ပြုသော အခြေအနေမှ လွဲ၍) ။ လက်နက်ကိုင် အဖွဲ့အစည်းများသည် ပါတီစွဲ နိုင်ငံရေးဆန်သော အဖွဲ့အစည်း မဖြစ်ရ။ ရဲအဖွဲ့အစည်းသည် ပညာရှင်ဆန်ပြီး၊ (ပြည်သူလူထု၏ စောင့်ကြည့် ထိန်းသိမ်းကွပ်ကဲမှုအောက်တွင်) နိုင်ငံရေးကင်းသော အဖွဲ့ ဖြစ်ရမည်။
Remove ads
ပြိုင်ဆိုင်ခြင်း
အနည်းဆုံး ပါတီကြီး ၂ ခုသည် လွတ်လပ်စွာ လွှတ်တော်တွင်းတွင် ယှဉ်ပြိုင်သင့်ပြီး အုပ်ချုပ်ရေး မဏ္ဍိုင်တွင် အဓိပ္ပာယ်ရှိစွာ ပါဝင်နိုင်သူများ ဖြစ်ရမည်။ ပါတီသစ်များ ဝင်ရောက်ယှဉ်ပြိုင်မှုတွင်လည်း အတားအဆီးများ မရှိသင့်ပေ။ ရွေးကောက်ပွဲများ၊ ပါတီများကို လွတ်လပ်စွာ စောင့်ကြည့်သော အဖွဲ့အစည်းများလည်း ရှိရမည်။ ပါတီတိုင်းသည် သတင်းအဖွဲ့အစည်များနှင့် လွတ်လပ်စွာဆက်ဆံ၍ သတင်းဖော်ထုတ်ခွင့် ရှိရမည်။ အစိုးရရန်ပုံငွေကို အသုံးပြု၍ အဏာရပါတီက ယှဉ်ပြိုင်ခြင်းမျိုး မရှိရပေ။ ငွေပေးဝယ်သော ဆန္ဒမဲများ၊ မတရား ရွေးကောက်ပွဲမျိုး မဖြစ်စေရ။
Remove ads
ရွေးကောက်ပွဲကော်မရှင်
ရွေးကောက်ပွဲကော်မရှင်သည် ပါတီများမှ မဲစနစ်ဖြင့်ရွေးချယ်ထားသူများဖြစ်ရမည်။ ဘက်လိုက်မှု မရှိစေရ၊ ဘက်လိုက်မှုဖြစ်ပေါ်ခဲ့ပါက တရားဥပဒေအရစီရင် ခွင့်ရှိရမည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads