လတ္တီကျူ

From Wikipedia, the free encyclopedia

လတ္တီကျူ
Remove ads
Remove ads

ကမ္ဘာလုံးမြေပုံကိုကြည့်လျှင် အီကွေတာမှ မြောက်နှင့် တောင်ဘက်များသို့ မျဉ်းပြိုင်များဆွဲထားသည်ကို တွေ့ရပေလိမ့်မည်။ အဆိုပါ မျဉ်းပြိုင်များသည် အမှန်ရှိသော မျဉ်းပြိုင်များကား မဟုတ်ချေ။ ကမ္ဘာပေါ်တွင် တစ်နေရာနှင့် တစ်နေရာ၏ အကွာအဝေးကို တိုင်းတာနိုင်ရန် ပထဝီဝင်ဆရာများက စုပေါင်း၍အကြံထုတ်ကာ ရေးဆွဲထားခြင်းမျှသာဖြစ်သည်။ ထိုမျဉ်းပြိုင်များကို လတ္တီတွဒ်များဟုခေါ်သည်။

Thumb
ဝင်ရိုးစွန်းမှ ဝင်ရိုးစွန်းသို့ ဒေါင်လိုက်မျဉ်းများသည် လောင်ဂျီကျူမျဉ်းများ ဖြစ်ကြပြီး အီကွေတာနှင့်အပြိုင်မျဉ်းများသည် လတ္တီကျူမျဉ်းများ ဖြစ်ကြသည်။

လတ္တီတွဒ်မျဉ်းတစ်ကြောင်းနှင့်တစ်ကြောင်းကို များသောအားဖြင့် ၁ဝ° (၁ဝ ဒီဂရီ) စီခြား၍ ဆွဲထားကြသည်။ အီကွေတာ၏မြောက်ဘက်ရှိ လတ္တီတွဒ်များကို မြောက်လတ္တီတွဒ်များဟုခေါ်၍ အီကွေတာ၏ တောင်ဘက်ရှိ လတ္တီတွဒ်များကို တောင်လတ္တီတွဒ်ဟုခေါ်သည်။ ကမ္ဘာကြီးသာ တိကျစွာ လုံးဝန်းလျက်ရှိလျှင် ဒီဂရီတိုင်းသည် ကမ္ဘာပေါ်တွင် အကွာအဝေးချင်း အတူတူ ဖြစ်ရပေမည်။ သို့သော် ကမ္ဘာကြီးသည် မြောက်နှင့်တောင် ဝင်းရိုး စွန်းနေရာများတွင် ပြားလျက်ရှိသဖြင့် ဝင်ရိုးဒေသများနှင့် အီကွေတာအနီးရှိ ဒေသများတွင် တစ်ဒီဂရီ၏ အကွာအဝေးသည် အနည်းငယ်ကွာခြားလေသည်။ အီကွေတာမှ မြောက်ဝင်ရိုးစွန်းအထိကိုလည်းကောင်း၊ တောင်ဝင်ရိုးစွန်းအထိကိုလည်းကောင်း ၉၀° စီခွဲခြားထားသည်။ အကွာအဝေးကိုတွက်ရာတွင် အီကွေတာမှစ၍တွက်သဖြင့် အီကွေတာကို ဝ°(သုညဒီဂရီ) ဟု မှတ်သားထားကြသည်။

ကမ္ဘာပေါ်တွင် အရှေ့နှင့်အနောက်ကိုလည်း တိုင်းတာရန်လိုသေး သည်။ ထို့ကြောင့် ပထဝီဝင်ဆရာများက ကြံစည်ကြရာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အနီးတွင် ၁၆၇၅ ခုနှစ်မှ စတင်၍ တည်ထောင်ခဲ့သော ဗြိတိသျှတော်ဝင်နက္ခတ်မျှော်စင်ထားရှိရာ ဂရင်းနစ်အရပ်ကို ဖြတ်၍ဆွဲထားသော မွန်းတည့်မျဉ်းမှ အစပြုကြရန် သဘောတူခဲ့ကြသည်။ ထို့ကြောင့် လတ္တီတွဒ် တိုင်းတာရာတွင် အီကွေတာကို သုညဒီဂရီဟု သတ်မှတ်ခဲ့ကြသကဲ့သို့ ဂရင်းနစ် လောင်ဂျီတွဒ်ကိုလည်း သုညဒီဂရီအဖြစ် သတ်မှတ်ကြရန် သဘောတူကြသည်။


Remove ads

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads