လယ်သမား

From Wikipedia, the free encyclopedia

Remove ads

လယ်သမား သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သူ ဖြစ်သည်။ အစားအစာများနှင့် ကုန်ကြမ်းပစ္စည်းများကို လယ်ယာမြေများတွင် စိုက်ပျိုးကာ လူသားတို့၏ အဖွဲ့အစည်းတွင် အထောက်အကူပြု လုပ်ကိုင်ဆောင်ရွက်နေသူများ ဖြစ်သည်။ လယ်သမားများဟုဆိုရာတွင် ကောက်ပဲသီးနှံစိုက်ပျိုးကြသူများ၊ ဥယျာဉ်ခြံမြေတွင် သီးနှံပင်များ စိုက်ပျိုးကြသူများ၊ စပျစ်ခြံတွင် စိုက်ပျိုးကြသူများ၊ ကြက်ငှက်စသော အစားအသောက်အလို့ငှာ တိရစ္ဆာန် မွေးမြူကြသူများ၊ အခြားသော နွား၊ ဝက်စသည့် ခြံမွေးတိရစ္ဆာန် မွေးမြူသည့်သူများ စသည်တို့ကို ဆိုလိုသည်။ လယ်သမားတစ်ယောက်သည် လယ်ယာမြေလုပ်ငန်းကို မိမိကိုယ်ပိုင်သော်လည်းကောင်း၊ အခြားပိုင်ဆိုင်သူတစ်ဦးထံတွင် လုပ်သားအဖြစ်သော်လည်းကောင်း လုပ်ကိုင်နေသူများ ဖြစ်သည်။ တိုးတက်လာသော စီးပွားရေးစနစ်တွင် လယ်သမားသည် လယ်ယာမြေကို ပိုင်ဆိုင်သည့် လုပ်ငန်းရှင်ဖြစ်ပြီး လယ်ယာမြေတွင် လုပ်ကိုင်သည့်အလုပ်သမားများကို လူငှား သို့မဟုတ် လယ်လုပ်သားဟု ခေါ်ဝေါ်ကြသည်။လယ်လုပ်ငန်းလုပ်ကိုင်ရာတွင်နည်းအမျိုးမျိုးရှိသည်။ထွန်နည်းအမျိုးမျိုးမှာ-ခရုပတ်၊ရစ်ခေါက်၊ခက်လှ လယ်ရောက်၊လပြည်းဝန်း၊ထွန်ရေးစုံ၊ထွန်ရေးကြီး၊ထောင့်သန်းထွန်နည်းစသည်ဖြင့်၇မျိုးရှိပါသည်။ယခုအခါထောင့်အုပ်၊လေးကွက်ကျား၊လျားစောင်း၊နံစောင်း၊ခရုပတ်ထွန်နည်းဟူသောထွန်နည်း၅မျိုးသာအသုံးပြုကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads