လသုဏသိက္ခာပုဒ်

From Wikipedia, the free encyclopedia

လသုဏသိက္ခာပုဒ်
Remove ads

အမှု—အလိုက်မသိဘဲ ကြက်သွန်ဖြူတို့ကို များစွာဆောင်ယူစေမှု။

အမှုသည်—ထုလ္လနန္ဒာ။ []

ထုလ္လနန္ဒာ၏ အလိုက်မသိမှု

သာဝတ္ထိမြို့နေ ဥပါသကာ တစ်ယောက်သည် ဘိက္ခုနီ သံဃာအား ကြက်သွန်ဖြူဖြင့် ဖိတ်မံပြီးလျှင် ယာတော စောင့်သူကိုလည်း ဘိက္ခုနီများ လာခဲ့သော် တစ်ပါးလျှင် ဂဏ္ဌိကမည်သော ကြက်သွန်ဖြူ ၂-ဥ, ၃-ဥစီ လှူဖို့ရန် မှာထား၏။ [“ဂဏ္ဌိက”ဟူသည် အမြှောင့်များစွာပါသော မဂဓတိုင်းဖြစ် ကြက်သွန်ဖြူဥ တစ်မျိုးတည်း။]

ထိုသို့ ဖိတ်မံထားရာအခါ၌ပင် သာဝတ္ထိမြို့၌ ပွဲသဘင်ရှိလေရာ ယာခင်းမှ ဆောင်ယူခဲ့သမျှ ကြက်သွန်ဖြူတွေသည် ရောင်း၍ မလောက်နိုင်အောင် ကုန်လေတော့၏၊ ဘိက္ခုနီတို့သည် ထိုအချိန်မှာပင် ဥပါသကာ ထံသွား၍ ကြက်သွန်ဖြူအလိုရှိကြောင်း ပြောကြလေသော်, ဥပါသကာသည် အိမ်မှာ ကြက်သွန်ဖြူ မရှိသောကြောင့် “ယာခင်းသို့ သွားကြပါတော့”ဟု လျှောက်ရလေသည်၊ ထိုအခါ ထုလ္လနန္ဒာသည် ယာခင်းသို့သွား၍ ပမာဏကို မသိဘဲ များစွာသော ကြက်သွန်ဖြူကို ဆောင်ယူစေလေသော် ယာခင်းစောင့်သူက မကျေနပ်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

Remove ads

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ လသုဏံ ခါဒေယျ ပါစိတ္တိယံ။

မြန်မာပြန်

အကြင် ဘိက္ခုနီသည် ကြက်သွန် ဖြူကို ခဲစားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်

ကြက်သွန်ဖြူကို ခဲစားရာ၌ “ဘိက္ခုနီတို့မှာ ပါစိတ်အာပတ်၊ ဘိက္ခုတို့မှာ ဒုက္ကဋ်၊ ရောဂါရှိ၍ ဓာတ်စာ သဘောဖြင့်ကား စားကောင်း၏ ဟု ခုဒ္ဒကဝတ္ထု၊ ခန္ဓက၌ မိန့်တော်မူသည်၊ “ကြက်သွန်ဖြူ”ဟူ ရာ၌ မဂဓတိုင်း၌ ဖြစ်သော အမြှောင့် များစွာပါသော ကြက်သွန်ဖြူ မျိုးကို ဆိုလိုသည်၊ ၁-မြှောင့်, ၂-မြှောင့်, ၃-မြှောင့်လောက်မျှပါသော ကြက်သွန်မျိုးကို မဆိုလို၊ ထိုကြက်သွန်ဖြူကိုလည်း ဟင်း-လက်သုတ် စသည်၌ထည့်ခတ်ခြင်း မဟုတ်ဘဲ အစိမ်း သက်သက် စားမှ အာပတ်သင့်သည်၊ ဟင်း စသည်၌ ပါမူအနာပတ္တိ၊ “ပလဏ္ဍက”ခေါ် တမြှောင့်ထည်းရှိသော ကြက်သွန်, ဝါ “ဘဉ္ဇနက”ခေါ် ၂-မြှောင့် ရှိသော ကြက်သွန်နီ (“ဘဉ္ဇနကော လောဟိတဝဏ္ဏော”အဋ္ဌကထာ)၊ “ဟရိတက”ခေါ် ၃-မြှောင့်ရှိသော ကြက်သွန်စိမ်း, “စာပ”ခေါ် အမြှောင့်လုံးဝမရှိသော ကြက်သွန်မိတ်တို့ကိုကား သူ့ချည်းစားသော်လည်း အနာပတ္တိ။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads