လေးဂို့စ်မြို့
နိုင်ဂျီးရီးယားနိုင်ငံရှိ မြို့ကြီး From Wikipedia, the free encyclopedia
Remove ads
လေးဂို့စ်မြို့သည် နိုင်ဂျီးရီးယားနိုင်ငံ ရှိ ပင်လယ်ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်ပြီး နိုင်ဂျီးရီးယားရှိ လူဦးရေ အများဆုံးမြို့လည်း ဖြစ်သည်။ လူဦးရေ ၁၆ သန်းကျော် ရှိသဖြင့် အာဖရိကတွင် လူဦးရေ အများဆုံးမြို့တစ်မြို့ ဖြစ်ပြီး အာဖရိကရှိ ဒုတိယမြောက် အလျင်မြန်ဆုံး (ကမ္ဘာပေါ်တွင် သတ္တမမြောက် အလျင်မြန်ဆုံး) ကြီးထွားလာသော မြို့ တစ်မြို့ ဖြစ်သည်။ လာဂို့စ်မြို့သည် ယခင်က ယောရူဘာလူမျိုးစု တစ်စုဖြစ်သော အာဝိုရီတို့ ခြေချနေထိုင်ခဲ့သော မြို့တစ်မြို့ ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူ အိုလိုဖင်၏ ညွှန်ကြားချက်ဖြင့် အာဝိုရီတို့သည် အစ်ဒို အမည်ရှိသော ကျွန်းတစ်ကျွန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် ပိုမိုကြီးမားသော လာဂို့စ်ကျွန်းသို့ ရွှေ့ပြောင်းခဲ့ကြသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads