လိုင့်ချင်းဒေ
ထိုင်ဝမ်၏ လက်ရှိ ဒုသမ္မတနှင့် ထိုင်ဝမ်ဝန်ကြီးချုပ်ဟောင်း From Wikipedia, the free encyclopedia
Remove ads
ဝီလီယမ် လိုင့်ချင်းဒေ (၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်ဖွား) သည် ထိုင်ဝမ် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်မှစတင်၍ တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်)၏ ဒုတိယသမ္မတ ဖြစ်သည်။ ၎င်းသည် ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဥပဒေပြုလွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုင်နန်မြို့၏ မြို့တော်ဝန်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ တရုတ်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲသည်။[၁]
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဒီမိုကရက်တစ်တိုးတက်ရေးပါတီသည် ဒေသန္တရရွေးကောက်ပွဲများတွင် ကြီးကြီးမားမားရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန် ရည်ရွယ်ချက်ကို ကြေညာခဲ့ပြီး ၎င်း၏ဆက်ခံသူ ဆူဆန်ချန်းသည် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ လိုင့်သည် ၂၀၁၉ ခုနှစ်၊ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌရွေးကောက်ပွဲတွင် အဓိကယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ပြီးနောက် ၂၀၂၀ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်၏ အရွေးခံအဖော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads