လီဗာပူးလ် ဘောလုံးအသင်း
From Wikipedia, the free encyclopedia
Remove ads
လီဗာပူးလ်ဘောလုံးကလပ် (Liverpool Football Club) သည် အင်္ဂလိပ် ပရီးမီးယားလိဂ် အတန်းတွင် ကစားနေသော ထိပ်တန်းဘောလုံးကလပ် အသင်းတစ်သင်းဖြစ်ပြီး အင်္ဂလိပ်ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးအသင်းများထဲမှ တစ်သင်းဖြစ်သည်။ အမြင့်ဆုံးလိဂ်အဆင့်တွင် ဆုဖလား ၂၀ ကြိမ် ရရှိထားပြီး အက်ဖ်အေ (FA) ဖလား ၈ ကြိမ် ရထားသည်။ ချန်ပီယံလိဂ်ဖလားအား ၆ ကြိမ် ရရှိထားပြီး ယင်းသည် အင်္ဂလိပ်စံချိန်တင်ရရှိမှုလည်းဖြစ်သည်။ လိဂ်ဖလားအားလည်း ၁၀ ကြိမ် ရရှိထားသည်။
Remove ads
သမိုင်းကြောင်းနှင့် အောင်မြင်မှုများ
ကလပ်အသင်းကို ၁၈၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မန်နေဂျာ ဘီလ် ရှန်ကလေ (Bill Shankly) မဖြစ်မီအထိ အောင်မြင်မှု အနည်းအကျဉ်းသာ ရရှိခဲ့သည်။ ရှန်ကလေလက်ထက်တွင် လိဂ်ချန်ပီယံရှစ်ဖလားကို သုံးကြိမ်ရယူနိုင်ခဲ့ပြီး အက်ဖ်အေဖလားအား နှစ်ကြိမ်ရယူနိုင်ခဲ့သည်။ ကလပ်သမိုင်း၌ ပထမဆုံးသော ဥရောပဖလားကိုလည်း ရှန်ကလေလက်ထက်တွင် စတင်ဆွတ်ခူးနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ နှစ်ပေါင်းသုံးဆယ်အတွင်း ဥရောပနှင့် အင်္ဂလိပ်ဘောလုံးလောကတွင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ၁၉၇၇ မှ ၁၉၈၄ ခုနှစ်အတွင်း ဥရောပပြိုင်ပွဲများတွင် စုစုပေါင်း ဖလားလေးလုံး ဆွတ်ခူးနိုင်ခဲ့သည်။
၁၉၉၀ ပြည့်နှစ်များအတွင်းတွင် ကလပ်သည် ဖလားလက်မဲ့ဖြစ်ကာ အောင်မြင်မှုများ မရရှိခဲ့သော်လည်း ၂၀၀၁ ခုနှစ်တွင် ဖလားများနှင့် ၂၀၀၅ ခုနှစ်တွင် ချန်ပီယံလိဂ်ဖလားအား အီတလီ စီးရီးအေမှ အေစီမီလန်ကလပ်ကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး ရယူနိုင်ခဲ့သည်။ လီဗာပူးလ်အသင်းသည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကာဒစ်ဖ်အသင်းနှင့် ကာလင်းဖလား (ယခု ကာရာဘောင်းဖလား) ဖိုင်နယ်ကစားရာ ၂-၂ သရေကျပြီး ပင်နယ်တီတွင် ၃-၂ ဖြင့်နိုင်ကာ ခြောက်နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့သည်။
Remove ads
ကလပ်၏ ဝိသေသလက္ခဏာများ
ကလပ်အသင်း၏ မူရင်းအရောင်မှာ အနီနှင့် အဖြူ ဖြစ်သော်လည်း ၁၉၆၀ ခုနှစ်မှစတင်ကာ ဝတ်စုံတစ်ခုလုံးအား အနီရောင်အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဒုတိယဦးစားပေးအရောင်အဖြစ် အနက်၊ အဝါနှင့် အဖြူတို့ကိုလည်း ရာသီအလိုက် အသုံးပြုသည်။ ကလပ်အသင်း၏ တံဆိပ်တွင် ပါရှိသော လီဗာဘတ်ဒ် (Liverbird) ကို အချို့ (အထူးသဖြင့် မြန်မာနိုင်ငံတွင်) က ကြိုးကြာနီဟု မှားယွင်းစွာ ထင်မှတ်ကြသည်။ လီဗာဘတ်ဒ်သည် လင်းယုန်နှင့် တင်ကျီးငှက် နှစ်မျိုးကို စိတ်ကူးနှင့်ပေါင်းစပ်ပြီး ရေးဆွဲထားသော ဒဏ္ဍာရီဆန်ဆန်ငှက်သာ ဖြစ်သည်။ တံဆိပ်တွင် ဆောင်ပုဒ်တစ်ခုလည်း ပါဝင်ပြီး ထိုစာတန်းမှာ "You will never walk alone" ဟူ၍ဖြစ်သည်။
ကလပ်ပိုင် အားကစားကွင်းမှာ အန်းဖီး (Anfield) ကစားကွင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ကစားကွင်းအသစ်ဖြစ်သော စတန်လေပတ်ခ် (Stanley Park) သို့ ပြောင်းရွှေ့ရန် အစီအစဉ်များလည်း ရှိခဲ့သည်။
Remove ads
ပြိုင်ဘက်များနှင့် ပရိသတ်များ
လီဗာပူးလ်အသင်းတွင် များပြားသော ပရိသတ်အဖွဲ့များလည်းရှိပြီး သမိုင်းကြောင်းရှည်လျားသော အဓိကပြိုင်ဘက်များလည်း ရှိသည်။ လီဗာပူးလ်မြို့ တစ်မြို့တည်း အခြေစိုက်ကလပ်ဖြစ်သော အဲဗာတန် ကလပ်မှာ အဓိကပြိုင်ဘက်ဖြစ်ပြီး ၎င်းတို့နှစ်သင်း တွေ့ဆုံသော ပြိုင်ပွဲများကို မာဆေးဆိုဒ် ဒါဘီ (Merseyside Derby) ဟုလည်း ခေါ်သည်။ အောင်မြင်မှုရသော ဖလားအကြိမ်အရေအတွက် ပိုများသည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့်လည်း ပြိုင်ဆိုင်မှုရှိသည်။
အောင်မြင်မှုများ (ဆုဖလားများ)
Remove ads
မတော်တဆမှုများ
လီဗာပူးလ်ပရိသတ်များသည် သေဆုံးမှု (၂) ခုတွင် ပါဝင်ခဲ့ရသည်။ ပထမအဖြစ်အပျက်မှာ ၁၉၈၅ ခုနှစ်တွင် ဂျူဗင်တပ်အသင်းနှင့် ယှဉ်ပြိုင်ကစားစဉ် ဟေးဇယ်လ် ကပ်ဆိုးပြစ် (Heysel Disaster) ဖြစ်ပွားခဲ့ပြီး အုတ်တံတိုင်းပြိုကျမှုကြောင့် ဂျူဗင်တပ်ပရိသတ် ၃၉ ဦး သေဆုံးခဲ့သည်။ ဒုတိယအဖြစ်အပျက်မှာ ၁၉၈၉ ခုနှစ် ဟေးလ်စ်ဘိုရိုး ကပ်ဆိုးပြစ် (Hillsborough Disaster) ဖြစ်ပြီး လူအုံကြွမှုကြောင့် လီဗာပူးလ်ပရိသတ် ၉၇ ဦး အသက်ဆုံးရှုံးခဲ့ရသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
