လီယောင်မြို့

From Wikipedia, the free encyclopedia

လီယောင်မြို့
Remove ads

လီယွန်း (ပြင်သစ်: Lyon) မြို့သည် ပြင်သစ်နိုင်ငံ ၏ တတိယမြို့ကြီး ဖြစ်သည်။ ပါရီမြို့ ၏ တောင်ဘက် မိုင် ၂၅ဝ ခန့်အကွာ ရုန်းမြစ်နှင့် ဆဲ(န်း) မြစ်တို့ ပေါင်းဆုံသောနေရာတွင် တည်ရှိလေသည်။ အခိုင်အခံ့ ခံတပ် လုပ်ထားသော ခံတပ်မြို့လည်းဖြစ်၏။ လှပသော ရှေးဟောင်းဘုရားရှိခိုးကျောင်းနှင့် တက္ကသိုလ်ကျောင်းကြီးများလည်း ရှိသည်။ ဤမြို့ကို ခရစ်မပေါ်မီက ရောမလူမျိုးတို့က တည်ဆောက်ခဲ့ရာ ငါးရာစုနှစ်အတွင်းကမှ အတော်စည်ကားသော မြို့ဖြစ်လာ၍ ၁၃၁၂ ခုနှစ် တွင် ပြင်သစ်ပိုင် မြို့တစ်မြို့ဖြစ်လာသည်။ ဥရောပ အလယ်ခေတ်က အယူဝါဒ ဆိုင်ရာ ဆူပူမှုများ ဖြစ်ပွားခဲ့ဖူးရာ လီယွန်းမြို့မှာ အတော်ပျက်စီးသွားသော် လည်း နပိုလီယန် ဘုရင်က ပြင်ဆင်ဆောက်လုပ်ခဲ့သဖြင့် ပြင်သစ်နိုင်ငံတွင် ကြီးကျယ်စည်ကားသော မြို့တစ်မြို့ဖြစ်လာပြန်သည်။လိုင်ယွန်မြို့ကို ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄ဝ ပြည့်နှစ်၊ဇွန်လ ၂ဝ ရက်နေ့တွင် ဂျာမန် စစ်တပ်များက သိမ်းပိုက်ခဲ့ကြသည်။ သို့သော် ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် အမေရိကန်တပ်များက ပြန်လည်၍ လွတ်လပ်စေခဲ့လေသည်။ လီယွန်းမြို့၏ လူဦးရေမှာ ၅၂၈၅၃၅(၁၉၆၂ ခုနှစ်) ယောက်ရှိ၍ အင်ဂျင်နီယာလုပ်ငန်း၊ စာပုံနှိပ်လုပ်ငန်း၊ ဆေးဆိုးခြင်းလုပ်ငန်း၊ ဓာတ်ဆေး အမျိုးမျိုး ချက်လုပ်သည့် လုပ်ငန်းများကို လုပ်ကိုင်ကြ၏။ ပိုးထည်များယက် လုပ်ခြင်း၌ လီယွန်းသည် ပြင်သစ်နိုင်ငံတွင် ထင်ရှားသောမြို့တစ်မြို့ဖြစ် လေသည်။[]

Thumb
လီယွန်းမြို့ မြင်ကွင်းကျယ်
Thumb
လီယွန်းမြို့မြင်ကွင်း
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads