လီရှန်လုံး

စင်ကာပူတည်ထောင်သူခေါင်းဆောင်ကြီး၏သားအကြီးဆုံး၊စင်ကာပူနိုင်ငံ၏တတိယမြောက်ဝန်ကြီးချုပ် From Wikipedia, the free encyclopedia

လီရှန်လုံး
Remove ads

လီရှန်လုံး သည် (Chinese: 李显龙) စင်ကာပူနိုင်ငံ၏ နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး စင်္ကာပူနိုင်ငံ ၏ တတိယမြောက် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Thumb
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံး

ငယ်စဉ်ဘဝ နှင့် ပညာရေး

စင်ကာပူနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ် လီကွမ်းယု၏ သားအကြီးဆုံးဖြစ်ပြီး ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မွေးဖွားသည်။ လီကွမ်ယု၏ ကိုယ်ရေးမှတ်တမ်းများအရ လီရှန်လုံးသည် ငယ်စဉ်ကတည်းက စင်ကာပူနိုင်ငံရေး အကြောင်းကို စိတ်ဝင်စားခဲ့ပြီး ၁၉၆၃ ခုနှစ်ကတည်းက ၎င်း၏ ဖခင်နှင့်အတူ ချီတက်အခမ်းအနားများသို့ မကြာခဏ လိုက်ပါခဲ့သည်ဟု ဆိုသည်။

၁၉၇၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ချ် တက္ကသိုလ်မှ သင်္ချာဘာသာ အထူးပြုဖြင့် ပထမတန်း ဂုဏ်ထူးဆောင်ဘွဲ့ နှင့် ကွန်ပျူတာ သိပ္ပံ ဒီပလိုမာ ကို ရရှိခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ် ကနေဒီ အစိုးရဆိုင်ရာ ကျောင်းမှ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး မဟာဘွဲ့ ကို ရရှိခဲ့သည်။

Remove ads

စစ်မှုထမ်းဘဝ

၁၉၇၁ ခုနှစ် မှ ၁၉၈၄ ခုနှစ်အထိ စင်ကာပူ စစ်တပ်သို့ ဝင်ရောက်ခဲ့ပြီး ဗိုလ်မှူးချုပ် အဆင့်သို့ လျင်မြန်စွာ ရာထူးတိုးတက်ခဲ့သည်။

နိုင်ငံရေးဘဝ

၁၉၈၄ ခုနှစ်တွင် ပီအေပီ ပါတီမှ တဆင့် ဝင်ရောက် အရွေးခံခဲ့ပြီး ပထမဦးဆုံး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ဝန်ကြီးချုပ် ဂိုချုပ်တောင်၏ အစိုးရ အဖွဲ့တွင် လီရှန်လုံးသည် ဒုတိယ ဝန်ကြီးချုပ်၊ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီး၊ ဘဏ္ဍာရေး ဝန်ကြီး များအဖြစ် ထမ်းဆောင်ခဲ့သည်။

၂၀၀၄ ခုနှစ်တွင် လီရှန်လုံးသည် ဝန်ကြီးချုပ် ဂိုချောက်ထောင် ရာထူးသက်တမ်း ကုန်ဆုံးပြီး ပီအေပီ နိုင်ငံရေးပါတီ ကို ဦးဆောင်ကာ အနိုင်ရရှိခဲ့ပြီး နိုင်ငံ၏ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ လီရှန်လုံးသည် ၂၀၀၆၊ ၂၀၁၁ နှင့် ၂၀၁၅ ခုနှစ်များတွင် ပီအေပီ ပါတီကို ရွေးကောက်ပွဲအသီးသီးတွင် အနိုင်ရရှိအောင် ဦးဆောင်မှု ပြုပေးနိုင်ခဲ့သည်။ ယခုထမ်းဆောင်နေသော ရာထူးသက်တမ်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စင်ကာပူနိုင်ငံ၏ ၁၃ ကြိမ်မြောက် လွှတ်တော်စတင်ခြင်းနှင့်အတူ စတင်ခဲ့သည်။

၂၀၂၄ ခုနှစ် ‌မေလ ၁၆ရက်နေ့ တွင် ဝန်ကြီးချုပ်ရာထူးမှ အနားယူကာ ဒုတိယဝန်ကြီးချုပ် ဖြစ်သူ လောရန့်စ်ဝေါင် (Lawrence Wong) ကို ရာထူးလွှဲပြောင်းပေးခဲ့သည်။[]

မိသားစု

သူသည် စင်ကာပူနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ် လီကွမ်းယု၏ သား အကြီးဆုံးဖြစ်ပြီး သူ၏ ဇနီး မဒမ်ဟိုချင်းမှာ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အဓိက အဖွဲ့ဖြစ်သော တီမားဆက် ဦးပိုင် အဖွဲ့၏ အမှုဆောင် အရာရှိချုပ် ဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads