လုဒ်(စ်)မယ်တော်သခင်မကျောင်း
From Wikipedia, the free encyclopedia
Remove ads
လုဒ်(စ်)မယ်တော်သခင်မကျောင်းသည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၌ တည်ရှိသည်။
Remove ads
သမိုင်းကြောင်း
လုဒ်(စ်)မြို့ (Lourdes) သည် ပြင်သစ်နိုင်ငံ၊ အနောက်ဘက်နယ်စပ်မြို့ကလေးတစ်မြို့ဖြစ်သည်။ ဤမြို့တွင် ၁၉၅၈ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့၌ ဆင်းရဲနွမ်းပါးသော ဘေနဒစ်ရိုဘီရူး မောင်နှမသုံးယောက်ထံ မယ်တော်မာရီယာ ထင်ရှားပြခဲ့သည်။ ထိုစဉ်က လုဒ်(စ်)မြို့သည် အလွန်သေးရွယ်သောကျေးရွာကလေးမှ ယနေ့ အလွန်စည်ကား လှပသောမြို့တစ်မြို့ဖြစ်လာသည်။ ကမ္ဘာ့အနှံ့အပြားရှိ ကက်သလစ်ဘာသာဝင်များနှင့် ဘာသာဝင်မဟုတ်သော သဒ္ဒါကြည်ညို ဘုရားဖူးများ နှစ်စဉ်မတ်လမှ အောက်တိုဘာလအတွင်း သန်းပေါင်းများစွာ လာရောက်ဘုရားဖူးကြသော ဘုရားဖူးဒေသတစ်ခုဖြစ်သည်။
၁၈၉၂-ခုနှစ်မှ စတင်၍ ဆရာတော်ဘီဂန်းဒက်က ပဲခူးတိုင်းသို့ သာသနာပြုရန် ဘုန်းတော်ကြီး Perro အား တာဝန်ပေးခဲ့သည်။ ဘုန်းတော်ကြီး Perro က ဒေသခံ ကရင်ဘုန်းတော်ကြီး Andreas နှင့်အတူ ညောင်လေးပင်အနီးရှိ ကျေးရွာများတွင် သာသနာပြုခဲ့သည်။ ၁၈၉၂-ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့တွင် ဦးပုလု(အသက်၆၀)နှင့် ဇနီးတို့က ကက်သလစ်ဘာသာကို စဝင်ခဲ့သည်။
၁၈၉၂-ခုနှစ်တွင် ဆရာတော် ဘီဂန်းဒက်က ဘုန်းတော်ကြီး Mignot (ဦးမီးညို) အား ညောင်လေးပင်မြို့၌ အခြေစိုက်၍ သာသနာပြုရန် တာဝန်ပေးခဲ့သည်။ ဘုန်းတော်ကြီးဦးမီးညိုသည် ညောင်လေးပင် မီးရထားဘူတာရှိ အလုပ်သမားများတည်းခိုဆောင်၌ တည်းခို၍ သာသနာလုပ်ငန်းကို စတင်ခဲ့သည်။ ၁၈၉၃-ခုနှစ်တွင် လက်ရှိ ဘုရားကျောင်းမြေပေါ်တွင် ပျဉ်ထောင်(၂)ထပ်ကျောင်းကို ဆောက်လုပ်ခဲ့သည်။ အပေါ်ထပ်ကိုဘုရားကျောင်းအဖြစ် အသုံးပြု၍ အောက်ထပ်တွင် ဘုန်းတော်ကြီးနေထိုင်ခဲ့သည်။ ယင်းဘုရားကျောင်းတွင် လုဒ်မယ်တော်ပုံကို ပင့်ဆောင်၍ ပူဇော်အပ်နှံခဲ့သည်။
ဤကျောင်းသည် မြန်မာနိုင်ငံတွင် ဆုတောင်းပြည့် လုဒ်(စ်)မယ်တော်အား အပ်နှံခဲ့သော ပထမဆုံးကျောင်းဖြစ်သည်ဟု သိရှိရသည်။ ၁၉၀၀-ပြည့်နှစ်တွင် အနုပညာအလွန်မြောက်သော ကျောင်းကိုဆောက် လုပ်ခဲ့ပြီး ၁၉၀၂ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့တွင် ကျောင်းသစ်ကို ရေစက်ချ၍ လုဒ်(စ်)မယ်တော်ပွဲကို စတင်ခဲ့ပြီး မယ်တော်ပွဲကို မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ တစ်နိုင်ငံလုံးဆိုင်ရာ ဘုရားဖူးဒေသ (National Marian Shrine of Our Lady of Lourdes) အဖြစ် သတ်မှတ်ထားသော ဘုရားဖူးဒေသဖြစ်သည်ဟူ၍ သိရှိသည်။
Remove ads
ဖြစ်ရပ်များ
- ဂျပန်ခေတ်တွင် ဂျပန်စစ်သားများက လုဒ်(စ်)မယ်တော်ရုပ်ပွားတော်နှင့် ကျောင်းနံရံအား ဖျက်ဆီးခဲ့သည်။
- ၁၉၄၈ ခုနှစ်တွင် လုဒ်(စ်)မယ်တော်သခင်မပွဲတော်အား ညောင်လေးပင်မြို့၌ တစ်ကြိမ်ကျင်းပခဲ့သည်။
- ထို့နောက်တွင်မှ ၁၉၅၇ ခုနှစ်မှစတင်၍ ညောင်လေးပင်မြို့တွင် ကျင်းပခဲ့ရာ ယနေ့အထိ အစဉ်အဆက် ကျင်းပလာခဲ့ခြင်းဖြစ်သည်။
- ၁၉၉၃ ခုနှစ်တွင် (၇၅)နှစ်မြောက် စိန်ရတုပွဲ အထိမ်းအမှတ်အဖြစ် ခေါင်းလောင်းစင်ကို တည်ဆောက် ခဲ့သည်။
- ၂၀၀၂ ခုနှစ်တွင် မယ်တော်ရင်ပြင်အားတိုးချဲ့ ဆောက်လုပ်ခဲ့သည်။
- ဖေဖော်ဝါရီလ(၃)ရက်မှ (၁၂)ရက်ထိ လုဒ်(စ်)မယ်တော်သခင်မပွဲတော်အား (၁၀)ရက်တိုင်တိုင် နှစ်စဉ်ကျင်းပလျက် ရှိသည်။
- ညောင်လေးပင်မြို့ မယ်တော်ပွဲသည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်များ ကွန်ဖရင့်မှ တစ်နိုင်ငံလုံး ဆိုင်ရာ ဘုရားဖူးဒေသအဖြစ် သတ်မှတ်ထားသော ဘုရားဖူးဒေသဖြစ်သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads