လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)

From Wikipedia, the free encyclopedia

Remove ads

လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)သည် ဒီဇယ်စက်ခေါင်း၊ လူစီးတွဲနှင့် ကုန်တွဲများ မွမ်းမံထိန်းသိမ်းနိုင်ရန် အတွက် မြန်မာ့ မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနမှ ဖွင့်လှစ်ထားသော စက်ရုံကြီး ၃ ရုံအနက်မှ တစ်ခုဖြစ်သည်။ လူစီးတွဲနှင့် ကုန်တွဲများ အကြီးတန်းပြင်ဆင်ရန်နှင့် လူစီးတွဲနှင့် ကုန်တွဲများအတွက် လိုအပ်သော အရန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပြည်တွင်းတွင် မထုတ်လုပ်နိုင်သော အရန်ပစ္စည်းများ နိုင်ငံခြားမှ မှာယူခြင်း၊ သိုလှောင်ခြင်းနှင့် နယ်တွဲပြင်ရုံများသို့ ပစ္စည်းများ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည်။

Remove ads

သမိုင်းကြောင်း

၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့သော စက်ရုံဖြစ်သည်။ လူစီးတွဲနှင့်ကုန်တွဲများ တည်ဆောက်ရာ၌ နေရာအခက်အခဲရှိလာမှုကြောင့် ၁၉၇၀ခုနှစ်တွင် ပင်မစက်ရုံကြီး၏ မြောက်ဘက်တွင် စက်ရုံအသစ်ကို တည်ဆောက်ခဲ့ရာ ၁၉၇၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။[]

တည်နေရာနှင့် အကျယ်အဝန်း

လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)သည် မန္တလေးတိုင်းဒေသကြီးမြစ်ငယ်မြို့၊ ရန်ကုန်-မန္တလေးရထားလမ်းမကြီးအနီးတွင် တည်ရှိသည်။ ရန်ကုန်မြို့မှ ၃၇၇.၂၅ မိုင် (၆၀၇.၃ရ ကီလိုမီတာ) အကွာနှင့် မန္တလေးမြို့မှ ၈ မိုင် (၁၃ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ လူနေအိမ်အပါအဝင် စက်ရုံနယ်နိမိတ်မှာ ၇၈၃ ဧက ရှိသည်။[]

ဆက်စပ်ဖတ်ရှုရန်

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads