လူမှုဝန်ထမ်းဦးစီးဌာန

From Wikipedia, the free encyclopedia

လူမှုဝန်ထမ်းဦးစီးဌာန
Remove ads

လူမှုဝန်ထမ်းဦးစီးဌာန(အင်္ဂလိပ်: Department of Social Welfare)သည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

နောက်ခံသမိုင်း

၁၉၄၇ ခုနှစ် လွတ်လပ်ရေး မရမီကာလတွင် အမျိုးသားယာယီအစိုးရက အမျိုးသမီးများနှင့် ကလေးများ တိုးတက်ရေးအဖွဲ့ ကို ဖွဲ့စည်းတည်ထောင်သည်။ ၁၉၄၉ ခုနှစ်တွင် ထိုအဖွဲ့ကို အမျိုးသမီးများနှင့် ကလေးများစောင့်ရှောက်ရေးဌာနဟူ၍ အစိုးရက တိုက်ရိုက်အုပ်ချုပ်သော ဌာနအဖြစ် ပြောင်းလဲခဲ့သည်။ ၁၉၅၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် လူမှုရေးရာကြီးပွားရေးဌာနဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၅၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နေ့မှစ၍ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် လူမှုဝန်ထမ်းဝန်ကြီး ဌာနအောက်သို့ ရောက်ရှိသည်။ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လူမှုရေးရာကြီးပွားရေးဌာနအမည်မှ လူမှုဝန်ထမ်းဌာနဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံအစိုးရ လက်ထက်တွင် လူမှုဝန်ထမ်းဌာနကို လူမှုဝန်ထမ်းဦးစီးဌာနဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။ []

Remove ads

ရည်ရွယ်ချက်

အကြောင်းအမျိုးမျိုး၊ အခြေအနေအရပ်ရပ်တို့ကြောင့် လူမှုရေးဒုက္ခနှင့် ကြုံတွေ့နေရသူများအား ကူညီစောင့်ရှောက်သည့်လုပ်ငန်းနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား၍ ဆောင်ရွက်သည့်ဌာနတစ်ခုဖြစ်သည်။ လူမှုရေးပြဿနာများ မပေါ်ပေါက်စေရေး အတွက် ကြိုတင်ကာကွယ်ခြင်း၊ လူမှုရေးတာဝန်များကို ဝေမျှထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်များအား လူထုအတွင်းမှ မွေးထုတ်ပေးခြင်း၊ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖော်ထုတ်ပေးခြင်းနှင့် လူမှုဝန်ထမ်း နည်းလမ်းများအရ ကူညီပေးခြင်းစသော လုပ်ငန်းရပ်များကို ဆောင်ရွက်လျက်ရှိသည်။ ကလေးသူငယ်နှင့် မိသားစုများ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ လူမှုရေးပြဿနာရှင် လူတန်းစား အသီးသီးတို့ကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းနှင့် ပြည်သူလူထုအတွင်းမှ စေတနာရှင် အဖွဲ့အစည်းများက လူမှုရေးကိစ္စများကို ပါဝင်ဆောင်ရွက်ရာတွင် ပိုမိုကျယ်ပြန့် ခိုင်မာစွာ ပါဝင်ရေးအတွက် စည်းရုံးခြင်း၊ ကူညီခြင်း၊ ထောက်ပံ့ခြင်းကို အဓိကထား၍ ဆောင်ရွက်နေသည်။

  • တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် အမျိုးသားရေး ဦးတည်ချက်ကိုအထောက်အကူဖြစ်စေရန်၊
  • လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုစေရန်၊
  • လူမှုရေးချို့တဲ့သူများအားလူမှုဝန်ထမ်းနည်းများဖြင့် အကူအညီပေးရန်၊
  • မလိုလားအပ်သော လူမှုရေးပြဿနာများမပေါ်ပေါက်စေရေးအတွက် ကြိုတင် ကာကွယ်ပေးရန်၊
  • လူမှုရေးတာဝန်များ ထမ်းဆောင်မည့် စေတနာ့ ဝန်ထမ်း လုပ်သားပြည်သူ များအား စည်းရုံးဖော်ထုတ်ရန်၊
  • လူမှုရေးဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊
Remove ads

ဖွဲ့စည်းပုံ

လူမှုဝန်ထမ်းဦးစီးဌာန အောက်ရှိဌာနခွဲများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • စီမံ/ဘဏ္ဍာဌာန
  • ကလေးလူငယ်ဌာန
  • အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး စီမံကိန်းဌာန
  • ပြန်လည်ထူထောင်ရေးဌာန

လုပ်ငန်းရပ်များ

  • ကလေးသူငယ် စောင့်ရှောက်ရေးလုပ်ငန်း
  • ကလေးနှင့်လူငယ် စောင့်ရှောက်ရေးလုပ်ငန်း
  • အမျိုးသမီး စောင့်ရှောက်ရေးလုပ်ငန်း
  • သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း
  • မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း
  • မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း
  • စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း
  • လူမှုကရုဏာစောင့်ရှောက်ရေးလုပ်ငန်း
  • လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း

ဗဟိုချက်အဖြစ် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ

  • ကလေးသူငယ်အခွင့်အရေးဆိုင်ရာလုပ်ငန်းများ
  • အမျိုးသမီးရေးရာကော်မတီလုပ်ငန်းများ
  • အာဆီယံ ကလေးသူငယ်ဆိုင်ရာလုပ်ငန်းများ
  • အာဆီယံ လူငယ်ဆိုင်ရာလုပ်ငန်းများ
  • အာဆီယံ အမျိုးသမီးရေးရာလုပ်ငန်းများ
  • အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
Remove ads

အကြီးအကဲများ

ညွှန်ကြားရေးဝန်များ

စဉ် အမည် စတင်ရက် ကုန်ဆုံးရက်
ဝဏ္ဏကျော်ထင်ဦးအောင်မင်း ၁-၈-၁၉၅၃ ၁၃-၁၁-၁၉၅၉
ဝဏ္ဏကျော်ထင်ဦးသောင်း ၁-၁၂-၁၉၅၉ ၂၀.၃.၁၉၆၂
ဝဏ္ဏကျော်ထင်ဦးလှဖေ ၆.၁၁.၁၉၆၂  ၅.၁၀.၁၉၆၃
ဦးဘခိုင် ၅.၁၀.၁၉၆၃  ၁၀.၆.၁၉၆၄
ဝဏ္ဏကျော်ထင်ဦးကျော်စိုး  ၁၀.၆.၁၉၆၄  ၃.၁၀.၁၉၆၄
ဗိုလ်မှူးထွန်းမြိုင်  ၃.၁၀.၁၉၆၄ ၈.၅.၁၉၆၇
ဝဏ္ဏကျော်ထင်ဦးထွေး ၁.၁.၁၉၆၉ ၃.၃.၁၉၇၅

ညွှန်ကြားရေးမှူးချုပ်များ

စဉ် အမည် စတင်ရက် ကုန်ဆုံးရက်
သီရိပျံချီဦးကြည် ၅.၅.၁၉၇၅  ၁၄.၈.၁၉၈၀
သံအမတ်ကြီးဦးသောင်းလွင် ၁၅.၈.၁၉၈၀ ၁၃.၁၂.၁၉၈၇
ဗိုလ်မှူးကြီးထွန်းဦး ၁၄.၁၂.၁၉၈၇ ၂၅.၅.၁၉၉၂
ဗိုလ်မှူးကြီးသန်းပို  ၁.၈.၁၉၉၂  ၁၂.၁.၁၉၉၈
ဗိုလ်မှူးကြီးစစ်မြိုင် ၁၀.၄.၁၉၉၈ ၁၇.၇.၂၀ဝ၈
ဗိုလ်မှူးကြီးစိုးကြည် ၁၈.၇.၂၀ဝ၈ ၂၈.၂.၂၀၁၇
ဒေါက်တာစန်းစန်းအေး  ၂၂.၈.၂၀၁၇ ယနေ့အထိ
Remove ads

ကိုးကား

ပြင်ပအဆက်အသွယ်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads