လူးတား

From Wikipedia, the free encyclopedia

Remove ads

လူးတား၏ အဓိပ္ပာယ်

လူးတား ဟူသော စကား၏ အနက်အဓိပ္ပာယ်ကို နှစ်မျိုး ဖွင့်ဆိုနိုင်သည်။[] ၁။ မြန်မာဘာသာ ပေါရာဏသက်သက်ဖြစ်သော "လူးတား" ဟူသည့် စကား။ ၂။ သက္ကတဘာသာ ပ္လုတ၊ ပါဠိဘာသာ ပလုတ မှ ရွေ့လျောလာ၍ မြန်မာဘာသာ ဖြစ်လာသော စကား။

မြန်မာပေါရာဏ "လူးတား"

မြန်မာဘာသာပေါရာဏ လူးတား၏အဓိပ္ပာယ်မှာ အဆုံးမှတစ်ဖန် အစပြန်၍ ပြုလုပ်သည်ဟု ဆိုလိုသည်။ လှေသမား၊ ဖောင်သမားများသည် ရေစီးသန်သည့် မြစ်ညာသို့ ဆန်တက်ရသည့် အခါများတွင် လှေနှင့် အတန်ကွာ ရေညာအရပ်တွင် ချည်သာ ချိတ်သာရှိမည့် နေရာ၌ လှေဦးမှ ကြိုးစကို ချည်ထား၍ လှေသို့ပြန်လာကာ ထိုကြိုးစကို အမှီတကဲ ဆွဲငင် ဆန်တက်ကြပြီးလျှင် တစ်ဖန် ကြိုးစဆုံးပြန်က အထက်နည်းတူ ပြုလုပ်ကာ ဆန်တက်ကြသည်ကို ယခုတိုင် လူးတားပေါက်သည်ဟု ခေါ်၏။

လူးတား ဟူသော ကဗျာမှာလည်း အဆုံးစကားများကို အစထား၍ ပြန်လည်စပ်ဆို ရေးသားကြခြင်း ဖြစ်သည်။ အလောင်းမင်းတရားကြီးလက်ထက် စိန္တကျော်သူ ဆို ကုန်းဘောင်မင်္ဂလာလူးတားတွင် ပထမအပိုဒ်၌ ဘုန်းပဒေသာ၊ ခက်ဖြာဆင့်စ၊ ပွင့်စလေ ဟု အစချီ၍ အာဟိန္ဒကျီး၊ ပွင့်နီးနီး ဟု အဆုံးသတ်သည်။ ဤ ပထမအပိုဒ်၏ အဆုံးစကားကိုပင် ဒုတိယအပိုဒ်၌ အာဟိန္ဒကျီး၊ ပွင့်နီးမှန်လှ၊ ကန်လှလေ ဟု အစချီ၍ စပ်ပြန်၏။ ကျန်နောက်အပိုဒ်များကိုလည်း ဤနည်းအတိုင်း စပ်ဆိုထား၏။ ထို့ကြောင့် လူးတားကဗျာ စပ်ထုံးမှာ လှေသမား ဖောင်သမားများ လူးတားပေါက်သကဲ့သို့ အဆုံးမှတစ်ဖန် အစပြန်လည် ကောက်ငင်စပ်ဆိုရသဖြင့် လူတားဟု ခေါ်ဟန်တူသည်။[]

သက္ကတဘာသာ "ပ္လုတ"၊ မာဂဓဘာသာ "ပလုတ"

သက္ကတဘာသာ ပ္လုတမှာ "ပ" နှင့် "လ" ကို ဆင့်၍ ပါဠိဘာသာအလိုမှာ မဆင့်ဘဲ ထားခြင်းမျှသာ ထူး၏။ ပါဌ်ဆင့်အတိုင်း ပ္လုတ ဟူ၍လည်း ပါဠိစာပေတွင် အသုံးရှိသည်။ ပါဠိဘာသာ ပလုတ မှ လူးတားဖြစ်လာသည်ဟု ဆိုရာ၌ ပလုတ မှ ပြုတ ဖြစ်လာ၍ ထိုတွင် "ပ" ကျေ၍ လုတ ဖြစ်သည်။ ထိုလုတကိုပင် ဦဒီဃ အာဒီဃပြုရာ လူးတားဖြစ်လာသည်။ အဓိပ္ပာယ်ကား ရှည်လျားစွာဆွဲငင်၍ ဆိုအပ်သော အသံဟု ဖြစ်၏။ ပလုတသံမှာ မျက်စိသုံးမှိတ်၊ လျှပ်သုံးပြတ်ခန့် ကာလထက် ရှည်လျားစွာ ဆွဲငင်ရွတ်ဆိုအပ်သော အသံဖြစ်၏။ ထို့ကြောင့် လူးတားဟူသော ကဗျာမှာ ရှည်လျားစွာ ဆွဲငင်ရွတ်ဆိုအပ်သော ကဗျာတစ်မျိုးဟု ယူဆအပ်၏။[]

Remove ads

ဖွဲ့ဆိုသည့် အကြောင်းအရာ

လူးတားဟူသည် စင်စစ်အားဖြင့် နန်းတွင်း၌ သီဆိုအပ်သော နန်းဘွဲ့သီချင်းတစ်မျိုး ဖြစ်သည်ဟုလည်း ဆိုနိုင်ပေသည်။ အဘယ်ကြောင့်ဟူမူ ဤလူးတားအဖွဲ့ ကဗျာမျိုးကို မည်သည့်အခါမျှ တောရွာ အခြေအနေအကြောင်းနှင့် ပတ်သက်၍ စပ်ဖွဲ့ခြင်း မပြုဘဲ၊ ရာဇကြောင်းဖြစ်သော မြင်းခင်း၊ ဓားရေး၊ တက်ရေး၊ ဘောင်တော်စုံဘွဲ့၊ ရာသီဘွဲ့ အစရှိသော မင်္ဂလာရှိသည့် အကြောင်းအရာများနှင့် ပတ်သက်၍သာ စပ်ဖွဲ့လေ့ရှိသည်။

ထိုကြောင့်လည်း ဝက်မစွပ်ဝန်ထောက်မင်း ရေးသားဆက်သွ၍်းသော သမီးတော်မြတ်ဧချင်းတွင် - "ရွှေမဏ္ဍာပြွန်၊ ထွေထွေသွန်သို့၊ ဖန်ဖန်ကြူးသီ၊ ပြုတာဂီဖြင့်၊ သံပြီသံဝါ၊ နန်းချင်းငြာသည်။" ဟူ၍ ပြဆိုခဲ့သည့်အတိုင်း နန်းတော်တွင် ဖြစ်ပျက်သည့် အကြောင်းအခြင်းအရာကို သီချင်းပြု၍ ဖွဲ့ဆိုသည့် ကဗျာတစ်မျိုး ဖြစ်ကြောင်း ထင်ရှားလှပေသည်။[]

Remove ads

လူးတားအမည်စာရင်း

နောက်ထပ် အချက်အလက်များ စာဆိုသူ, လူးတားအမည် ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads