လေဆိပ်အဆောက်အဦ

From Wikipedia, the free encyclopedia

လေဆိပ်အဆောက်အဦ
Remove ads

လေဆိပ်အဆောက်အဦမှာ ခရီးသည်များ ထွက်ခွာ၊ ရောက်ရှိနေရာများ၊ လေယာဉ်ကွင်းအာဏာပိုင်အဖွဲ့၏ ရုံးခန်းများ၊ လေကြောင်းလိုင်း အုပ်ချုပ်ရေးနှင့် ဆိုင်သောရုံးခန်းများ အများအားဖြင့် ပါဝင်ပေသည်။ ခရီးသည်များအတွက်လည်း လိုအပ်သည့် စားသောက်ဆိုင်များ၊ စာအုပ်အရောင်းဆိုင်များ၊ တယ်လီဖုန်းဆက်သွယ်ရေး ရုံးများ၊ ရေချိုးသန့်စင်ခန်း များပါဝင်သည့် နားနေခန်းများ၊ လက်ဆောင်ပစ္စည်းဆိုင်များ စသည်ဖြင့် ပါဝင်သည်။ အဆောက်အဦး ၏အပြင် ဘက်ထွက်ပေါက်တွင်လည်း ကုန်လမ်းသယ်ယူပို့ဆောင်ရေးအတွက် တက္ကစီများနှင့် ဘတ်စ် ကားများ တတ်နိုင်သလောက် စီစဉ်ပေးနိုင်ရမည်။

Thumb
ဟီးသရိုးလေဆိပ်၏အဆောက်အဦး၅
Thumb

ထိုထဲတွင် လေယာဉ်သို့တက်ရန် နားနေဆောင်များလည်း ရှိပေသည်။

လေယာဉ်ကွင်းငယ်များမှာ အဆောက်အဦး ၁ ခုရှိသလို လေယာဉ်ကွင်းကြီးများ၌ အဆောက်အဦးများစွာ ရှိသည်။

အချို့လေဆိပ်ကြီးများတွင် အဆောက်အဦး ၁ ခုသာရှိသော်လည်း နားနေဆောင်များစွာ ခွဲထားသည်။

Remove ads

ပုံစံ

Thumb
စံပုံစံ

ခရီးသည်မြင့်တက်လာမှုများကြောင့် ၁၉၃၀-၁၉၄၀ခုနှစ်များဆီက လေဆိပ်ပုံစံများမှာ ခေတ်မှီခြင်းမရှိတော့ပေ။ ခရီးသည်များမှာ လေယာဉ်ဆီသို့ ကားဖြင့်သွားရသည်။

Thumb
Typical design of a terminal, showing the Departures (upper half of page) and Arrivals levels. 1. Departures Lounge. 2. Gates and jet bridges. 3. Security Clearance Gates. 4 Baggage Check-in. 5. Baggage carousels

ပီယာ

Thumb
မွန်ဘိုင်းလေဆိပ်

ပီယာဒီဇိုင်းမှာ ကျဉ်း၍သေးငယ်ကာ တစ်ဖက်တစ်ချက်စီတွင် လေယာဉ်ဆိုက်ကပ်နိုင်သည်။ လေယာဉ်ပေါင်းများစွာ ဆိုက်ကပ်နိုင်ကာ ရိုးရှင်းသောဒီဇိုင်းရှိသည်။ သို့သော် ချက်အင်ကောင်တာမှ လေယာဉ်ဆီသို့ ကြာမြင့်စွာလမ်းလျှောက်ရသည်။

ဆယ်တစ်လိုက် အဆောက်အဦး

Thumb
ပေကျင်းလေဆိပ်

ဤလေဆိပ်မျိုးမှာ လေဆိပ်အဆောက်အဦးများ သီးခြားစီရှိကာ လေယာဉ်များခွဲ၍ ကပ်နိုင်သည်။ လန်ဒန် ဂတ်ဝတ်လေဆိပ်မှာ ပထမဦးဆုံးအသုံးပြုသော လေဆိပ်ဖြစ်သည်။ တစ်ဆောင်နှင့်တစ်ဆောင်ကို မြေအောက် လူသွားစင်္ကြန်ဖြင့် ဆက်သွယ်ထားသည်။

စက်ဝိုင်းခြမ်းပုံစံ အဆောက်အဦး

Thumb
ဂျာကာတာလေဆိပ်

အချို့လေဆိပ်များသည် စက်ဝိုင်းခြမ်းပုံစံဆောက်လုပ်သည်။ ထိုပုံစံမျိုးမှာ ခရီးသည်များအတွက် အချိန်ကုန်သက်သာစေသည်။

Remove ads

မြေပြင်ပို့ဆောင်ရေး

လေဆိပ်များမှ မြို့တွင်းသို့ ဆက်သွယ်ရန် ရထား၊ ဘတ်စ်နှင့် အငှားယာဉ်များဖြင့် ဆက်သွယ်နိုင်သည်။

ဇုံ

လုံခြုံရေးအကြို

  • ချက်အင်ကောင်တာ
  • စားသောက်ဆိုင်များ
  • အထုပ်လက်ခံနေရာ

လုံခြုံရေးအပြီး

  • အခွန်လွတ်ဆိုင်များ
  • စားသောက်ဆိုင်များ
  • လေဆိပ်နားနေဆောင်
  • လေဆိပ်အခွန်

မြန်မာနိုင်ငံရှိ လေဆိပ်အဆောက်အဦးပုံစံများ

မြန်မာပြည်တွင် လက်ရှိ၌ အပြည်ပြည်ဆိုင်ရာလေဆိပ် ၃ ခုရှိသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်

ရန်ကုန်လေဆိပ်သည် မြန်မာပြည်၏ ပထမဆုံးအပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်သည်။ ထိုလေဆိပ်တွင် အများပြည်သူအတွက် အဆောက်အဦး ၃ ခုနှင့် အရေးကြီးပုဂ္ဂိုလ်အဆောက်အဦး ၁ ခုရှိသည်။ ပုံစံမှာအတန်းလိုက် မြောက်မှတောင်သို့ ဆောက်ထားသည့် စတန်းဒတ်ပုံစံ။ မြောက်ဘက်ဆုံးတွင် အဆောက်အဦး၁၊ အလယ်တွင် အဆောက်အဦး ၃၊ တောင်ဘက်စွန်းတွင် အဆောက်အဦး ၂ တို့ရှိသည်။ ၁ နှင့် ၂ မှပြည်ပခရီးစဉ်များဖြစ်ပြီး ၃ မှာပြည်တွင်းအတွက် ဖြစ်သည်။ ထိုအဆောက်အဦးများ၏ တောင်ဘက်တွင် အရေးကြီးပုဂ္ဂိုလ်အဆောင် ရှိသည်။

Thumb
ယခင်ပြည်တွင်းထွက်ခွာ

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်

မန္တလေးလေဆိပ်ကို ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ခေတ်အမီဆုံးလေဆိပ် ဖြစ်လာသည်။ လေဆိပ်အဆောက်အအုံတစ်ခုရှိပြီး စတန်းဒတ်ပုံစံပင် ဖြစ်သည်။

Thumb
မန္တလေးလေဆိပ်အဆောက်အဦး

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်

နေပြည်တော်လေဆိပ်မှာလည်း စတန်းဒတ်ပုံစံဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads