လောကထိပ်ပန်ဘုရား

မြန်မာနိုင်ငံ၊ ပုဂံမြို့မှ ဗုဒ္ဓဘာသာ စေတီပုထိုး From Wikipedia, the free encyclopedia

လောကထိပ်ပန်ဘုရား
Remove ads

လောကထိပ်ပန်ဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူဘုရား ဖြစ်ပြီး ခရစ်(၁၂)ရာစု အလောင်းစည်သူမင်းလက်ထက်တွင် တည်ဆောက်ခဲ့သော ဘုရားဖြစ်သည်။ စေတီပုထိုးအမှတ်မှာ ၁၅၈၀/၈၉၂ ဖြစ်သည်။ လောကထိပ်ပန်ဂူဘုရားတွင် နံရံဆေးရေး ပန်းချီများရှိသည်။ အာရုံခံခန်းမ ပေါင်းကူးမျက်နှာကြက်တွင် ဗုဒ္ဓခြေတော်ရာပုံ၊ စက်ဝိုင်းအတွင်းမှ ပန်းကွက်အလှများ၊ အာရုံခံခန်းမနံရံတွင် သစ်ရွက်ပုံပန်းတန်းများ၊ မြတ်စွာဘုရား ဘုရားမဖြစ်မီ နောက်ဆုံးဆယ်ဘဝ (ဇာတ်ကြီးဆယ်ဘွဲ့) ပန်းချီတို့ကို ကမ္ပည်းမင်စာနှင့်တကွ တွေ့ရသည်။ အလယ်ဗဟို ဂန္ဓကုဋီတိုက်၏ မျက်နှာကြက်တွင် လေးထောင့်ကွက် ဘောင်အနားကွတ် ပန်းတန်း၊ ခြောက်ထောင့်ပုံ ပန်းကွက်များနှင့် နံရံတွင် ဗုဒ္ဓဝင် ရှစ်ခန်း၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံနှင့် ဘွဲ့အမည်များ၊ ဂန္ဓကုဋီတိုက် ဗုဒ္ဓရုပ်ပွားဆင်းတု၏ ဘေးနံရံတွင် ငါးရာ့ငါးဆယ် ဇာတ်ကွက် ပန်းချီများ ရေးဆွဲထားသည်။

Thumb
၁၉၉၆ ခုနှစ်ကတွေ့မြင်ရသော လောကထိပ်ပန်ဘုရား

ဂူဘုရားအတွင်းရှိ နံရံဆေးရေး ပန်းချီများတွင် မင်းနှင့် သာမန်လူတို့ ဝတ်စားဆင်ယဉ်မှုကို ကိုယ်ဟန်အနေအထားဖြင့် ကွဲပြားအောင် ရေးဆွဲထားသည်။ အမျိုးသားနှင့် အမျိုးသမီး ပုံတို့ကိုလည်း မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး၊ ဆံထုံးတို့ကိုကြည့်ကာ လွယ်ကူစွာ ခွဲခြားနိုင်အောင် ရေးဆွဲထားသည်။ အမျိုးသမီးတို့၏ ခန္ဓာကိုယ် အလှအပများကို ပေါ်လွင်အောင် ရေးဆွဲထားသည်ကို လေ့လာနိုင်သည်။ နံရံဆေးရေး ပန်းချီပါ အကြောင်းအရာများကို ရှေးမွန်ဘာသာနှင့် မြန်မာဘာသာ ကမ္ပည်းစာတို့ဖြင့် ရေးထိုးထားသည်ကို တွေ့ရပေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads