လောဟိတကသိုဏ်း
From Wikipedia, the free encyclopedia
Remove ads
လောဟိတ - အနီကသိုဏ်းကိုလည်း ရှေးအတိတ်နီးသောဘဝက လောဟိတ - အနီကသိုဏ်းကို ရဖူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ မြင်မြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏။ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း၊ ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အရိုးနှင့်တကွ ကသိုဏ်းဝန်းလုပ်၍ အနီဆုံးဆေးကို အချောဆုံး အလှပဆုံးဖြစ်နေအောင်သုတ်၍ အနား၌ အနီရောင်ကို တောက်ထစေတတ်သော အညိုဖြစ်စေ၊ အဝါဖြစ်စေ၊ အဖြူဖြစ်စေ အမှတ်မရှိ တစ်ခုခု ဒန်ပူတစ်ပြား (ငွေမူးစေ့ခန့်) ဆေးမင်အနားပတ်တင်သားသုတ်လိမ်း၍ “အနီ အနီ” ဟု စိတ်ထဲကမှတ်၍ ကြည့်ရှု၍ နိမိတ်ယူရာ၏။

ဤအနီကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့်မြင်သောအတိုင်းပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက နီချောပြောင်လင်းလျက် အလွန်နှစ်သက်ဖွယ် ပတ္တမြားနီယပ်ဝန်းကဲ့သို့ ထင်၏။ ဈာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads