လော့ဒ်ဟိုးကျွန်း
From Wikipedia, the free encyclopedia
Remove ads
လော့ဒ်ဟိုးကျွန်း သည် ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံကြားရှိ တက်စမန်ပင်လယ်တွင် ရှိနေသော လခြမ်းပုံစံ ခပ်ဆင်ဆင် မီးတောင်အကြွင်းအကျန် ကျွန်းဖြစ်သည်။ ကုန်းမကြီးရှိ ပေါ့တ် မက်ကာရီ၏ အရှေ့ဘက် ၃၇၀မိုင် (၆၀၀ ကီလိုမီတာ) အကွာတွင်လည်းကောင်း နော်ဖော့ကျွန်း၏ အနောက်တောင်ဘက် ၅၆၀မိုင် (၉၀၀ ကီလိုမီတာ) ခန့်အကွာတွင် လည်းကောင်း တည်ရှိသည်။ ထိုကျွန်းသည် ၆.၂မိုင် (၁၀ ကီလိုမီတာ) မျှ ရှည်လျားပြီး ၀.၁၉မိုင် မှ ၁.၂၄မိုင် (၀.၃ ကီလိုမီတာ မှ ၂ ကီလိုမီတာ) အကြား ရှည်လျားကာ ဧရိယာ စတုရန်းမိုင်ပေါင်း ၅.၆၂ စတုရန်းမိုင် (၁၄.၅၅ စတုရန်းကီလိုမီတာ) မျှ ကျယ်ဝန်းသော်လည်း ၁.၅၄ စတုရန်းမိုင် (၃.၉၈ စတုရန်းကီလိုမီတာ) ခန့်သာလျှင် ကျွန်း၏ မြေနိမ့်ပိုင်း ဖွံ့ဖြိုးသော ဒေသဖြစ်သည်။ [၁] အနောက်ဘက် ကမ်းရိုးတန်း တလျှောက်တွင် သဲထူထပ်ပြီး တဝက်တပျက် ပိတ်နေသော သန္တာကျောက်တန်း ရေကတ်သေး တစ်ခု ရှိသည်။ လူဦးရေ အများစုမှာ မြောက်ဘက်တွင် နေထိုင်ကြပြီး တောင်ဘက်တွင် တောအုပ်ထူထပ်သော တောင်ကုန်းများရှိကာ အမြင့်ဆုံးနေရာမှာ ဂိုဝါတောင်ဖြစ်ပြီး ၂၈၇၁ ပေ (၈၇၅ မီတာ) မျှ မြင့်သည်။ [၂] လော့ဒ်ဟိုးကျွန်းစု တွင် [၂] ကျွန်းပေါင်း ၂၈ ခု၊ ကျွန်းငယ်များ နှင့် ကျောက်ဆောင်များ ပါဝင်သည်။ လော့ဒ်ဟိုးကျွန်းမှအပ ထိုကျွန်းစု အတွင်း ထင်ရှားသော နေရာမှာ မီးတောင်ရှိပြီး လူမနေသော ဘောပိရမစ်ကျွန်း ဖြစ်ပြီး ဟိုး မှ အရှေ့တောင်ဘက် ၁၄မိုင် (၂၃ ကီလိုမီတာ) ခန့် အကွာတွင် တည်ရှိသည်။ မြောက်ဘက်တွင် အက်မိုင်ရယ်လ်တီ ဂရုဟု ခေါ်သည့် လူမနေသော ကျွန်းငယ် ၇ ခု ရှိသည်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads