လွင်၊ ဦး

From Wikipedia, the free encyclopedia

Remove ads

ဦးလွင် (၂၂ အောက်တိုဘာ ၁၉၂၄ – ၆ ဒီဇင်ဘာ ၂၀၁၁) သည် မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးကြီး နှင့် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှု နှင့် နိုင်ငံတာဝန်ကိုထူးချွန်ပြောင်မြောက်စွာထမ်းဆောင်ခဲ့မှုများ အတွက် နိုင်ငံတော်က လွတ်လပ်ရေး မော်ကွန်းဝင်(ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမအဆင့်)၊ နှင့် သီရိပျံချီဘွဲ့ တို့ ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်သည်။[] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ တစ်ဦးဖြစ်သည်။

အချက်တိုများ သီရိပျံချီ ဦး​လွင်, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ...
Remove ads

ငယ်ဘဝ

ဦးလွင်ကို ၁၉၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အဖ ဦးဘသာနှင့် အမိဒေါ်သိန်း တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။

ဘီအိုင်အေသို့ ဝင်ရောက်ခြင်း

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗိုလ်ချုပ်အောင်ဆန်းဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီ-အိုင်-အေ)ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် ဗမာ့မျိုးချစ်တပ်မတော် တို့တွင် ပါဝင်ခဲ့သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်၏ ပထမပတ်သင်တန်း ဗိုလ်သင်တန်းဆင်းဖြစ်ကာ ဂျပန်နိုင်ငံ ဘုရင့်တပ်မတော် စစ်တက္ကသိုလ်ဆင်း တစ်ဦးလည်း ဖြစ်သည်။ ၁၉၄၆ ခုနှစ်မှ ၁၉၅၈ ခုနှစ် ကာလအတွင်း သနက(၅)၊ အမှတ်(၇) ခြေလျင်တပ်ပေါင်းစုဌာနချုပ်၊ ကချင်(၁)၊ ခမရ (၁၀၄)တို့တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

Remove ads

ဒုတိယဝန်ကြီးချုပ်

၁၉၅၂ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ကာလများတွင် အဆင့်မြင့်စစ်သင်တန်းများကို အင်္ဂလန်နိုင်ငံ စစ်တက္ကသိုလ်များသို့ သွားရောက်သင်ယူခဲ့ပြီး ၁၉၅၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စစ်သံမှူးအဖြစ်လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် လပခ ဒုတိယတိုင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် ရတခတိုင်းမှူးအဖြစ် လည်းကောင်း၊ ၁၉၆၉ ခုနှစ်တွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ ၁၉၇၁ ခုနှစ်နောက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် အနားယူခဲ့သည်။

နိုင်ငံရေးသမား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာတွင် ဘဏ္ဍာရေးမှူး အဖြစ်တာဝန်ယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခဲ့ရပြီးနောက် ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ခဲ့ပြီး ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင်လည်း အတွင်းရေးမှူးအဖြစ်တာဝန် ဆက်လက်ပေးခံခဲ့ရသည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရပြီးနောက် ၂၀၀၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူနှင့် အတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူ ဖြစ်သည်။

Remove ads

ဘဝနိဂုံး

၂၀၁၁ ခုနှစ်ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ် ရှိပြီ ဖြစ်သည်။ []

မိသားစု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နဝမမြောက် သမ္မတဖြစ်သူ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင် သည် ဦးလွင်၏ သမီး ဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads