လွတ်လပ်ရေးကျောက်တိုင်

From Wikipedia, the free encyclopedia

လွတ်လပ်ရေးကျောက်တိုင်
Remove ads

လွတ်လပ်ရေးကျောက်တိုင်သည် ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံအတွင်းတွင် တည်ဆောက်ထားသည့် သမိုင်းဝင် လွတ်လပ်ရေးကျောက်တိုင် ဖြစ်သည်။ လွတ်လပ်ရေးကျောက်တိုင်ကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက် ၈ နာရီတွင် အုတ်မြတ်ချ၍ ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးကျောက်တိုင်၏ အမြင့်ပေမှာ ၁၅၀ ဖြစ်ပြီးဘေးပတ်လည်၌ ကျောက်တိုင် ငယ်ငါးခု ခြံရံလျက်ရှိသည်။ ကျောက်တိုင်၏ ဘေးပတ်လည်တွင် လွတ်လပ်ရေးကြေညာစာတမ်းကို မော်ကွန်းထိုးရေးသားထားသည်။ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် တည်ဆောက်ရေးကော်မီတီ၏ အတွင်းရေးမှူးမှာ ရန်ကုန်မြို့ ဗိုလ်တထောင်မဲဆန္ဒနယ်မှ တိုင်းပြုပြည်ပြုလွှတ်တော်အမတ် ပါလီမန်အတွင်းဝန် သီရိပျံချီဦးသန်းစိန်ဖြစ်သည်။

Thumb
ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်

ထိုကျောက်တိုင်ကို ပုံစံထုတ်ရေးဆွဲသူမှာ အင်ဂျင်နီယာ ဦးအုန်းကြိုင်(မြန်မာ့ပြက္ခဒိန်သုတေသနစာအုပ် ပြုစုသူ)ဖြစ်ပြီး တာဝန်ယူတည်ဆောက်သူမှာ ဗိသုကာ စည်သူဦးတင်ဖြစ်သည်။[ကိုးကားချက်လိုသည်]

Remove ads

ဗိသုကာပုံစံ

အလယ်ပင်မကျောက်တိုင်ကြီးနှင့် အရံကျောက်တိုင်ငယ်များကို ငါးမြှောင့်ကြယ် ပုံသဏ္ဌာန် ပြုလုပ်ထားသဖြင့် အထက်မှစီး ၍ကြည့်လျှင် အလံတော်တွင်မြင်ကြရသည့် အတိုင်းကြယ်ကြီးတစ်လုံးတွင် ကြယ်ငါးလုံး ရံလျက် တွေ့မြင်နိုင်သည်။

လွတ်လပ်ရေးကျောက်တိုင် အခြေ ပတ်လည်၌ ခြင်္သေ့ရုပ် ၁ဝ ရုပ် ဝန်းရံစောင့်ကြပ်ပြီး လွတ်လပ်ရေးနှင့်တိုင်းရေးပြည်ရေးဆိုင်ရာ အချက်အလက်များကို ကမ္ပည်းမော်ကွန်းရေးထိုးထားသည်။

ပတ်ဝန်းကျင်ထူးခြားမှု

လွတ်လပ်ရေးကျောက်တိုင်၏ ဝန်းကျင်၌ ဆူးလေစေတီတော်မြတ်ကြီး၊ တရားရုံးချုပ် အဆောက်အုံဟောင်းကြီး၊ မြို့တော်ခန်းမစသည့် သမိုင်းဝင် ရှေးဟောင်း အဆောက်အအုံများ ရှိသည်။

အခြားဖတ်ရန်

ကိုးကား

သူရိယသုတစာမျက်နှာ 13 June 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads