လွိုင်ကော်တက္ကသိုလ်
From Wikipedia, the free encyclopedia
Remove ads
လွိုင်ကော်တက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ လွိုင်ကော်တက္ကသိုလ်၏ ပင်မဆောင်ကို ၂၀၀၇ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်က ဖွင့်လှစ်ပေးခဲ့သည်။[၁]
Remove ads
သမိုင်းကြောင်း
၁၉၉၈ခုနှစ် စက်တင်ဘာ ၂၈ရက်နေ့တွင် လွိုင်ကော်ကောလိပ်အဖြစ် စတင် ဖွင့်လှစ်ခဲ့သည်။၂၀၀၂ခုနှစ် ဇွန်လ ၂၆ရက်နေ့တွင် ဒီဂရီကောလိပ်အဖြစ် လည်းကောင်း၊ ၂၀၀၃ခုနှစ် မေလ ၁၄ရက်တွင် တက္ကသိုလ်အဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့သည်။[၂]
တည်နေရာနှင့် အကျယ်အဝန်း
လွိုင်ကော်မြို့၏ အနောက်မြောက်ပိုင်းတွင်တည်ရှိကာ ဒေါဥခူးရပ်ကွက်တွင် ပါဝင်သည်။၁၅၈.၆၃ဧက ကျယ်ဝန်းသည်။

သင်ကြားရေးဌာနများ
- မြန်မာစာဌာန
- အင်္ဂလိပ်စာဌာန
- ပထဝီဝင်ဌာန
- သမိုင်းဌာန
- ဒဿနိကပညာဌာန
- ဥပဒေပညာဌာန
- အရှေ့တိုင်းပညာဌာန
- ဓာတုဗေဒဌာန
- ရူပဗေဒဌာန
- သချၤာဌာန
- သတ္တဗေဒဌာန
- ရုက္ခဗေဒဌာန
- ဘူမိဗေဒဌာန
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads