လွီးဘက်မြို့

From Wikipedia, the free encyclopedia

လွီးဘက်မြို့
Remove ads

လွီးဘက်မြို့ တရားဝင် အမည်အားဖြင့် ဟန်းဆတစ်မြို့တော် လွီးဘက် သည် ဂျာမနီနိုင်ငံမြောက်ပိုင်း ဆလက်စဝစ်-ဟိုးစတန် တွင် ရှိသော မြို့တော်တစ်ခုဖြစ်ပြီး ဂျာမနီနိုင်ငံ ၏ အဓိက ဆိပ်ကမ်းမြို့ တစ်ခု ဖြစ်သည်။ ထရာဗဲမြစ်ပေါ်တွင် တည်ရှိပြီး ဟန်းဆတစ်၏ ဦးဆောင်မြို့တော် တစ်ခု ဖြစ်ခဲ့ကာ များပြားလှစွာသော ဘရစ်ဂေါသစ် ဗိသုကာလက်ရာများကြောင့် ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု အဖြစ် စာရင်းသွင်းခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် လူဦးရေ ၂၁၈,၅၂၃ ဦး ရှိသည်။

အချက်တိုများ ဟန်းဆတစ်မြို့တော် လွီးဘက်*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...
Thumb
ထရာဗဲမြစ်

လွီးဘက်မြို့၏ မြို့ဟောင်းပိုင်းသည် ထရာဗဲမြစ်မှ ဝန်းရံထားသော ကျွန်းတစ်ခု ပေါ်တွင် ရှိသည်။ အယ်ဘီ-လွီးဘက်တူးမြောင်းသည် ထရာဗဲမြစ်အား အယ်ဘီမြစ်နှင့် ဆက်စပ်ထားသည်။ မြို့အနီးရှိ အခြားအရေးပါသော မြစ်တစ်စင်းမှာ ဝါးကန်နစ်ဇ် မြစ်ဖြစ်သည်။ အော်တိုဘန်း ဟိုင်းဝေး အမှတ် ၁ သည် လွီးဘက်မြို့အား ဟမ်းဗတ်မြို့ နှင့် ဒိန်းမတ်နိုင်ငံ တို့နှင့် ဆက်သွယ်ပေးထားသည်။ ထရာဗဲမွန်ဒဲ သည် ဘောလတစ်ပင်လယ် ကမ်းရိုးတန်းပေါ်တွင် ရှိသော ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း နှင့် လွန်းပျံရေယာဉ် ဆိပ်ကမ်းတစ်ခု ဖြစ်သည်။ လွီးဘက် ဟော့ပ်ဘန်ဟော့ဖ် ဘူတာရုံတွင် ရထားလမ်းများစွာရှိပြီး အဓိကအားဖြင့် ဟမ်းဗတ်မြို့နှင့် ဆက်သွယ်ထားသော ရထားလမ်း ရှိသည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads